Fact Check: ဆီပြတ်တောက်သွားပြီးလို့ စစ်‌ခေါင်းဆောင် ဝန်ခံလိုက်ပြီး လေယာဉ်နဲ့ ဗုံးကြဲမှုတွေ အားလုံးရပ်ဆိုင်းထားဆိုတဲ့ သတင်းတု

လေယာဉ်ဆီပြတ်တောက်သွားပြီးလို့ စစ်တပ်‌ခေါင်းဆောင်က ဝန်ခံလိုက်ပြီး လေယာဉ်နဲ့ ဗုံးကြဲမှုတွေ အားလုံးရပ်ဆိုင်းထားရတယ်ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ဝေမှုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ မတ် ၆ ရက်မှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၈၆၀၀၀ ကျော်ရရှိထားတယ်။  “လေယာဉ်ဗုံးကြဲမှု အားလုံးရပ်ဆိုင်း  ဆွေးနွေးရန် ချက်ချင်းလေသံပြောင်းပြီ  လေယာဉ်ဆီများ အားလုံး ကုန်ပြီဟု တပ်ချုပ်ဝန်ခံ  တပ်တွင်း လေယာဉ်ဆီတွေ ခိုးရောင်းမှု အများအပြား အဖမ်းခံရ” Original link | Archive link အချက်အလက်စိစစ်ချက် လေယာဉ်ဆီ ပြတ်လပ်သွားပြီလို့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံလိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေရပ်ဆိုင်းထားတာ စတဲ့ သတင်းတွေ […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ ဖျက်သိမ်းကြောင်း စစ်ခေါင်းဆောင် ကြေညာတဲ့ သတင်းတု

အစိုးရသစ်မတက်ခင် စစ်မှုထမ်းဥပဒေ ဖျက်သိမ်းကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်ပြီလို့ ဆိုထားတဲ့    ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ မတ် ၅ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇၀၀၀၀ ကျော်ရရှိထားတယ်။ “စစ်မှူထမ်း ဥပဒေ ရုတ်သိမ်းလိုက်ပြီ အစိုးရသစ်မစခင် ပြည်သူ့ စစ်မှုထမ်း ဥပဒေ ရုတ်ဖို့ မင်းအောင်လှိုင် ကြေညာ ၊ အကွက်ရွေ့နေပြီ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ပြောကြားချက်မှာ ၄င်းပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် […]

Continue Reading

Fact Check: အမေရိကန်အမိန့်ပေးလို့ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတု

အမေရိကန်က လျှို့ဝှက်အမိန့်ပေးလို့ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မနေ့က မလွှတ်ပဲ ဒီနေ့ လွှတ်ရပြီ  အမေရိကန် ရဲ့ လျှို့ဝှက် အမိန့်ထွက်လို့ မအလ  အကြောက်လွန်ပြီး အမေစုကို ချက်ချင်းလွှတ်ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။  ဒီလိုပြောဆိုပြီး ဗွီဒီယို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို […]

Continue Reading

Fact Check: ဗိုလ်နဂါး သေပြီလား – အထောက်အထားမရှိပါ

စစ်ကောင်စီတပ်ဆီကို လက်နက်ချ အလင်းဝင်သွားတဲ့ ဗိုလ်နဂါးကို သေသွားပြီလို့ MRTV က ကြေညာတယ်ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ သတင်းတုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ‌အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော် ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ဗိုလ်နဂါး အလင်းဝင်မှ အသက် ‌သေရပြီ၊ ခုပဲ MRTV အတည်ပြုလို့ လန့်ကုန်ပြီ ၅ရက်တိတိ စစ်ကြောရေးမှာ ရိုက်သတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီသတင်း ဖော်ပြချက် မရှိပါဘူး။ MRTV […]

Continue Reading

Fact Check: ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးတဲ့ သတင်းတု 

နေပြည်တော်ကို ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “‌ပြင်းအား (၆.၈) ငလျင်ကြီး လှုပ် နေပြည်တော် စစ်တပ်အိမ်ရာပြိုကျ ၊ တပ်မိသားစု အများပြား သေဆုံး၊ ဝဋ်လည်ကုန်ပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာန ယူကျူ့အမည်နာမကို တုပပြီး  သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ […]

Continue Reading

Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု 

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးပြောလို့ သမ္မတဟောင်းဦးသိန်းစိန်ကို  စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဦးသိန်းစိန် ဖမ်းခံရမှုကြီး  ကုလသမဂ္ဂ အသိအမှတ်မပြုပဲ နဲ့ ရွေးကောက်ပွဲ  မလုပ်သင့်ပြောတဲ့ ဦးသိန်းစိန်ကို မအလ ဝင်ဖမ်းပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်ခေါင်းဆောင်သေဆုံးတဲ့ သတင်းတု 

နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း သေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို ခိုး လွှတ်ပေးဖို့ လုပ်တဲ့ ဒုတပ်ချုပ် စိုးဝင်း ရာထူးကနေဖြုတ်ချခံရပြီး သေဆုံးခဲ့ရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ပုံဖျက်ပြောဆိုပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ […]

Continue Reading

Fact Check: အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ NLD ကို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ သတင်းတု

အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို စစ်ခေါင်းဆောင် ဖိတ်ခေါ်လိုက်တယ်ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုတခုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “စစ်ခေါင်းဆောင် လေသံပြောင်းပြီ NLDကို ‌ရွေးကောက်ပွဲပြိုင်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆက် သွယ်ဖိတ်ခေါ် အာဏာခွဲ့ဝေဖို့ပြောနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading

Fact Check: အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးတဲ့ သတင်းတု

အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အကြမ်းဖက်အဖြစ် အမေရိကန်က ကြေညာ အမေရိကန် သံရုံးကို စစ်တပ် ဝင်စီးနေပြီ တရုတ်နဲ့‌ပေါင်းပြီး အမေရိကန်ကို ပုန်ကန်တဲ့ စစ်တပ်ကို  အကြမ်းဖက်အဖြစ် အမေရိကန် ကမ္ဘာသိ ကြေညာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading