Fact Check: ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူတွေကို စစ်တပ် ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းတု

လပြည့်ကျော် ၁ ရက်နေ့မှာ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ရာ ရန်ကုန်က  ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူ တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “လပြည့်ကျော် (၁)ရက်နေ့ ဗုံးကြဲပြန်ပြီ ရွှေတဂုံ အပါဝင် ဘုရားဖူးပြည်သူများကို စစ်တပ်က ဗုံးကြဲ အများပြားသေဆုံးနေပြီဗျာ” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Yangon Khit Thit”အမည်နဲ့ […]

Continue Reading

Fact Check: စစ်တပ်က ဒုဗိုလ်ချုပ်ကြီး ၅ ဦးနုတ်ထွက်တဲ့ သတင်းတု

တပ်တွင်းမှာ ပြဿနာတွေတက်ပြီးနောက် မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး နုတ်ထွက်သွားတယ်ဆိုပြီး ဗွီဒီယိုတခု “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုရေးသားဖြန့်ဝေမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တပ်တွင်း ပြဿနာတက်နေပြီ ဒုဗိုလ်ချုပ်ကြီး (၅) ဦး နှတ်ထွက်၊ စစ်ရုံးချုပ် ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ  မီဒီယာတချို့က သတင်းတွေ ဒါမှမဟုတ် လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားမျှဝေတဲ့ ပို့စ်တွေကို ခေါင်းစဉ်တုတပ်ပြီး ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတု

စစ်တပ်က ဖမ်းဆီးထားတဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ဆိုတဲ့ ဗွီဒီယို ယူကျူချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အဖမ်း ခံထားရတဲ့ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံး သွားလို့ တစ်နိုင်ငံလုံး ဘောမတွေ ဆန္ဒပြနေကြပြီ”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌‌ဖော်ပြတာ၊ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေ ဖြန့်ဝေတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ အဖမ်းခံထားရတဲ့ စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ဇော်ဘုန်းဟိန်းဟာ […]

Continue Reading

Fact Check: လားရှိုးဆွေးနွေးမှု ပျက်ပြီး MNDAA ပြန်ဝင်လာတဲ့ သတင်းတု 

မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး MNDAA တပ်ဖွဲ့ဝင်ထောင်ချီ လာရှိုးကို ပြန်ဝင်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “လားရှိုးဆွေးနွေးမှု ပျက်ပြီ တရုတ်အထူး ယဉ်တန်း စစ်တပ်က ပစ်ခတ် ၊ ပြသာနာ တက်နေကုန်ပြီ ၊ MNDAA တပ်ဖွဲ့ ထောင်ချီ ပြန်ဝင်လာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးဆိုတဲ့ သတင်းမှား

ဧပြီ ၁ ရက်ကစပြီး ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးလိုက်ပြီလို့ ဆိုတဲ့ အမိန့်ကြေညာချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၉ ရက်စွဲနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်တယ်ဆိုတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ ခေတ်ကာလနဲ့ မကိုက်ညီတော့တာကြောင့် လစာနှုန်းထားတွေ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့လည်း ဖော်ပြထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒီလစာတိုး ထုတ်ပြန်ကြေညာချက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ‌ဖော်ပြချက်မတွေ့ရပါ။ စစ်တပ်ထိန်းချုပ်မှုအောက်က ပြန်ကြားရေးဌာနနဲ့ မြဝတီသတင်းတွေမှာလည်း ဒီလို […]

Continue Reading

Fact Check: တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာတဲ့ သတင်းတု 

တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၃၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “ထိုးစစ်အားလုံးရပ်ပြီး တပ်ဆုတ်ပြီ တစ်နိုင်ငံလုံး ထိုးစစ်ရပ်မည်ဟု မင်းအောင်လှိုင်ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။  Also […]

Continue Reading

Fact Check: စစ်တိုက်လေယာဉ် ၂ စီးတိုက်မိလို့ ၃၆ ဦးသေဆုံးဆိုတဲ့ သတင်းတု

စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု  ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပျက်ကျ(၃၆)ဦးသေဆုံး စစ်တိုက်လေယာဉ်(၂)စီး အချင်းချင်း တိုက်မိလို့ ၂ စီးလုံး ပျက်ကျပြီး ၃၆ ဦးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ […]

Continue Reading

Fact Check: လက်အောက်ခံတပ်တွေ လက်နက်ချဖို့ စစ်ခေါင်းဆောင် ကြေညာပြီး NUG ကို အာဏာလွှဲပြောင်းဖို့စီစဉ်တဲ့ သတင်းတု

နိုင်ငံတဝန်းလုံးက တပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင်က ကြေညာလိုက်ပြီး အာဏာလွှဲ ပြောင်းရေး အတွက် NUG တာဝန်ရှိသူတွေလည်း နေပြည်တော်ရောက်နေပြီလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “17.7.2024 ပြည်သူ့တော်လှန်ရေးကြီး အောင်ပြီဟေ့ အောင်ပြီ နိုင်ငံတဝန်းလုံးက စစ်ကောင်တပ်များကို  လက်နက်ချလိုက်ကြဖို့ မအလ ကြေငြာလိုက်ပြီ အာဏာလွှဲဖို့ NUG  တာဝန်ရှိသူတွေ နပတရောက်နေ”(မူလ အရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ 

စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့ ဆိုလိုထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက် စာမျက်နှာတွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က သွားရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အ သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပြီး ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရသာ အဖြစ်မှန်ကို သိရှိခဲ့ရကြောင်း၊ ဒီလိုစစ်တပ်ရဲ့ […]

Continue Reading

Fact Check: ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကို PDF က ပစ်သတ်ဆိုတဲ့ သတင်းမှား

ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သ ကို PDF က ပစ်ခတ်သတ်ဖြတ်တယ်လို့ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီတယ်လီဂရမ် ချန်နယ်ကပဲ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက PDF က ဒီလိုဆရာတော်ကြီးကို လုပ်ကြံသတ်ဖြတ်မှုအတွက် ရှုတ်ချတယ်လို့ ရေးသားထားတဲ့ စာတစောင်လည်း ဖြန့်ဝေခဲ့သေးတယ်။ “PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်အား အကြမ်းဖက်မီဒီညာမှ လုပ်ကြံစာအတုဖြင့် တပ်မတော်က ပစ်ခတ်သည်ဟု လိမ်ညာရေးသားမှု။” မူရင်းလင်ခ့် – Telegram link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ […]

Continue Reading