Fact Check: ဆန္ဒပြတာမအောင်မြင်ဘဲ အသေခံမယ့်သူတွေလိုအပ်လို့ NLD ထုတ်ပြန်ဆိုတဲ့ ရုံးစာအတု
၂၂.၂.၂၀၂၁(၂ ငါးလုံး)အထွေထွေသပိတ်မအောင်မြင်လို့ နောက်ထပ် အသေခံမယ်လုပ်မယ့်သူတွေ ဆက်သွယ် ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ထုတ်ပြန်ချက်အဖြစ် ဖေ့စ်ဘွတ်မှာ မျှဝေနေတာ တွေ့ရပါတယ်။ သို့သော်လည်း ဒီစာဟာ အတုပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ၂၂.၂.၂၀၂၁ မှာ အထွေထွေသပိတ်ပေါ်ပေါက်လာမယ်လို့ မျှော်မှန်းခဲ့ပေမဲ့ လူထုအားလုံးမပါဝင်ခဲ့လို့ မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် အသေခံရဲသူများနဲ့ ဆက်လက်တိုက်ပွဲဝင် မှာဖြစ်တဲ့အတွက် ၂၇.၂.၂၀၂၁ နောက်ဆုံးထားစာရင်းပေးကြဖို့ စသည်ဖြင့် ရေးသားထားပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုလိုထုတ်ပြန်ချက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ National League For Democracy မှာမတွေ့ရပါဘူး။ ဒီစာဟာအတုဖြစ်ကြောင်း NLD […]
Continue Reading