Fact Check: မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းပစ်ခတ်ဆိုတဲ့ သတင်းတု
နယ်မြေကျူးကျော်လာလို့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းဘက်က ပစ်ခတ်လိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် သတင်းဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်လေယာဉ် ထိုင်းပစ်ခတ် နယ်မြေကျူးကျော်လို့ အကြမ်းက်စစ်တပ်လေယာဉ် ထိုင်းပစ်မိန့် ကြေညာ၊ အိမ်နီးချင်း မပီသဟု မင်းအောင်လှိုင် ဒေါကန်နေ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို တုပသုံးစွဲပြီး ဒီမီဒီယာအပါအဝင် တခြား သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး […]
Continue Reading