Fact Check: စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြား သေဆုံးတဲ့ တင်းတု

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြားသေဆုံးခဲ့ တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ဇူလိုင် ၈ ရက်မှာ ယူကျူ့ချန်နယ်တချို့က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၂ ကျော်ရှိထားတယ်။ အလားတူ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။ “ဒုသမ္မတမြင့်ဆွေ အသုဘကား ဗုံးခွဲခံရ အများအပြား ထိခိုက်သေဆုံး နေပြည်‌တော်မှာ စစ်တပ်ဗိုလ်ချုပ်ဟောင်း မြင့်ဆွေ အသုဘတိုက်ခိုက်ခံရ စစ်တပ်ခေါ်ထားတဲ့ အနုပညာရှင်တွေ လည်း သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှု များပြားတဲ့ သတင်းတု

နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှုများပြားခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ဇူလိုင် ၈ ရက်မှာ ယူကျူ့ချန်နယ်တချို့က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ  နာရီအနည်းငယ်အတွင်း ကြည့်ရှု့မှုပေါင်း  ၇၀၀၀၀ ကျော်ရရှိထားတယ်။ အလားတူ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “၉.၄ ဖျက်အား ငလျင်လှုပ်နေ မင်းအောင်လှိုင်ရဲ့ နေပြည်တော် စေတီ ပြိုကျ လူအသေအပျောက် ၄၉၀၀ ခန့်ရှိပြီး ပိတ်မိနေကြပြီ စစ်အုပ်စုကို ထောက်ခံတဲ့ ဘောမတွေ အော်နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် နေပြည်တော်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်တဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ […]

Continue Reading

Fact Check: ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတဲ့ သတင်းတု

ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၁ ရက်က ဖြန့်‌ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ၇ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။  “မအလ ထိုးကြွေးနေပြီ အကျဉ်းဦးစီးကို သေဒဏ်ပေးပြီ ရွှေညဝါ ဆရာတော်နှင့် မောင်သာချိုသေဆုံးမှု  ပြဿနာတက်နေပြီ သေဒဏ်ပေးရန် အမိန့်ပေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး မကြာခဏ အချက်အလက်စိစစ်ချက် ‌ဖော်ပြခဲ့ပြီးဖြစ်တယ်။  ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီချန်နယ်ကို […]

Continue Reading

Fact Check: NUG ကိုဖျက်သိမ်းပြီး ကြားဖြတ်အစိုးရဖွဲ့အသစ်ဖွဲ့တဲ့ သတင်းတု

NUG အစိုးရကို ဖျက်သိမ်း ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “ Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ “NUG အစိုးရ ဖျက်သိမ်း ကြားဖြတ်အစိုးရ အသစ်ကြေညာ ခေါင်းဆောင်ကြီးတွေ စတင်ဦးဆောင်ပြီ နောက်ဆုံးထိုးစစ်ကြီး အမိန့်လာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတာ၊ ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ အတွေးအမြင် တွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လူမြင်ကွင်း စစ်တပ်ထုတ်ပြတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လူမြင်ကွင်း စစ်တပ်ထုတ်ပြခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “ Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ “သမ္မတနဲ့အတိုင်ပင်ခံ အပြင်‌ခေါ်ထုတ်လာ စစ်ကောင်စီ အကွက်‌ရွှေ့ဖို့ လုပ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media ”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်း […]

Continue Reading

Fact Check: တော်လှန်ရေးတပ်တွေ ရန်ကုန်ကို ဝင်ရောက်ပြီး အကျဉ်းသား ၆၈၀၀ ကယ်ထုတ်တဲ့ သတင်းတု

တော်လှန်ရေးတပ်တွေ ရန်ကုန်ကို ဝင်ရောက်ပြီး အကျဉ်းသားတွေ ကယ်ထုတ်မှု အကျဉ်းသား ၆၈၀၀ ခန့်လွှတ်မြောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ရန်ကုန် တော်လှန်ရေးတပ်‌တွေ ဝင်ရောက်  အကျဉ်းထောင်တွေ ဖောက်ထွင်းခံရ အကျဉ်းသားတွေ ၆၈၀၀ ခန့် လွတ်မြောက်သွားပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။  အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော […]

Continue Reading

Fact Check: ဗဟိုဘဏ်ပေါက်ကွဲမီးလောင်တဲ့ သတင်းတု

စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံ‌ဗဟိုဘဏ် ပေါက်ကွဲမီးလောင်မှုဆိုပြီး ဗွီဒီယိုတခု “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇွန် ၂၉ ရက်က ဖြန့်‌ဝေထားတဲ့ လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၄၀၀၀၀ ကျော်ရှိထားတယ်။ “ယနေ့ည ဗဟိုဘဏ် ပေါက်ကွဲမှုကြီး ကြည့်ကြပါအုံးဟာ။ မဖြစ်ပါစေနဲ့ဟာ ၂၄နာရီအတွင်း အပြင်လုံးဝ မထွက်ကြပါနဲ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာ တွေ့နိုင်တယ်။ Fact Crescendo Myanmar […]

Continue Reading

Fact Check: ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီး အစိုးရ ရုံးတွေနဲ့ ဌာနဆိုင်ရာတွေ ပစ်ခတ်တိုက်ခိုက်ခံရဆိုတဲ့  သတင်းတု ဗွီဒီယို ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မျာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ် ကို အောက်မှာ ကြည့်ပါ။  “ရန်ကုန် မြို့သိမ်းတိုက်ပွဲ စပြီ ရန်ကုန်ကို စစ်ကောင်စီ ပစ်မိန့်ကြေညာ ရန်ကုန်အစိုးရ ရုံးနဲ့ ဌါန ဆိုင်ရာ များ ပစ်ခတ်ခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို […]

Continue Reading

Fact Check: ၁ ရက်အတွင်း အာဏာမလွှဲပေးရင် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ AA ကို ကြေညာဆိုတဲ့ သတင်းတု

၁ ရက်အတွင်း သူတို့ကို အာဏာမလွှဲပေးရင် ဖမ်းထားတဲ့ တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ အာရက္ခတပ်တော်(AA)က ကြေညာဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၇၈၀၀၀ကျော်ရှိထားတယ်။  “AA တပ်ချုပ်ရဲ့ နောက်ဆုံးသတိပေးချက် လေယဉ်ပါသိမ်းပိုက် (၁)ရက်အတွင်း AA ကို အာဏာမလွှဲပေးဘူးဆိုရင် ဖမ်းထားတဲ့တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်တဲ့ “ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက် မတွေ့ရပါဘူး။ […]

Continue Reading

Fact Check: ‌လေယာဉ်ရှိနေပြီလို့ NUG သမ္မတကြေညာတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေနဲ့ လေယာဉ်တွေရှိနေပြီလို့ NUG သမ္မတက ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းမှာတခုသာ ဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၂ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “NUG လေကြောင်းရလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ လေယဉ် ရပြီဟု NUG သမ္မတကြေငြာ ဒီအတိုင်းဆို မြန်မာစစ်တပ် ၁လမခံတောဘူးဟေ့“ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ဒရုန်းကို အသုံးပြု တိုက်ခိုက်ကြတာများပြားပြီး ဒရုန်းသုံးစွဲမှုနဲ့ပတ်သက်ပြီး ယုံမှားစရာမရှိပေမဲ့ လေယာဉ်ပိုင်ဆိုင်နေပြီဆိုတဲ့ […]

Continue Reading