Fact Check: မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUG ကို အမေရိကန်ပေးပို့တဲ့ သတင်းတု
မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဆီ အမေရိကန်က ပေးပို့လိုက်တယ်လို့ ဆိုပြီး ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “အမေရိကန် ကြားဖြတ် ဝင်လာပြီဟေ့ လေယာဉ်ပစ်လက်နက်ကြီး NUG ကို ပို့ပေးပြီ အမေရိကန်မှ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUGကို့ပို့ပေးပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန်အစိုးရမှ လေယာဉ်ပစ်ကာကွယ်ရေး လက်နက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေတယ်လို့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ၄င်းတို့ သတင်းဗွီဒီယိုထဲမှာ ပြောဆိုထားပေမဲ့ လက်ရှိအချိန်အထိ အမေရိကန်အစိုးရ ဒါမှမဟုတ် NUG ဘက်က […]
Continue Reading
