Fact Check: ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ NUG လေယာဉ်၅ စင်းရရှိဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ်၅ စင်း NUG ရရှိပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ တော်လှန်ရေးအတွက် ဗြိတိန်နိုင်ငံက လေယာဉ် ၅  စီး ထောက်ပံ့ပေးလိုက်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တရားဝင်ချပြလိုက်တာလို့လည်း ဆိုထားပါတယ်။ သတင်းတုသာ ဖြစ်တယ်။

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

“စစ်တပ်ကိုတန်ပြန်ဖို့ NUG လေယာဉ်(၅)စင်းရရှိ ဗြိတိန် ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ် ရရှိပြီလို့ Dr.Sa Sa ကြေညာ လိုက်ပြီ ၊ စစ်အုပ်စု မျက်ဖြူဆိုက်နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက် 

ဗြိတိန်ဘုရင်အကူအညီနဲ့ NUG က လေယာဉ် ၅ စီးရရှိခဲ့တယ်ဆိုတာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ၊ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တာ ဒီလင့်ခ်မှာကြည့်ပါ။  ဒီချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေနဲ့  သတင်းမီဒီယာ တွေမှာဖော်ပြပြီး သတင်းတွေကို ရောနှော ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ 

ဒီအပြင် ဒေါက်တာဆာဆာဟာ အရင်က NUG ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ရာထူးက အနားယူသွားခဲ့ပြီးဖြစ်တယ်။

အခု သတင်းတုဖြန့်ချိနေတဲ့ ဗွီဒီယိုထဲမှာပဲ ဒေါက်တာဆာဆာဟာ NUG ဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ပြီးနောက် Institute for Peace and Federal Democracy (IFD) ကို အမေရိကန်မှာ အခြေစိုက် တည်ထောင်လိုက်တဲ့ သတင်းကို ဖော်ပြထားတယ်။ 

၉ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြတာတွေကတော့ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်း ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်မှုစတဲ့ သတင်း တွေပဲဖြစ်တယ်။

သုံးသပ်ချက်“Yangon Khit Thit”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဗြိတိန်ဘုရင်အကူအညီနဲ့ လေယာဉ်၅ စင်း NUG ရရှိပြီဆိုတာ အထောက်အထား မရှိဘဲ လုပ်ကြံရေးသား ပြောဆိုနေခြင်းဖြစ်တယ်။

Result Stamp

Title: Fact Check: ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ NUG လေယာဉ်၅ စင်းရရှိဆိုတဲ့ သတင်းတု

Written By: နေရာမောင်

Result: False