Fact Check: Box No. 88 ဇာတ်ကားရိုက်ကွင်းက မြင်ကွင်းဓာတ်ပုံတစ်ခုကို ယနေ့ထောင်ကလွတ်လာတဲ့ အိန္ဒြာကျော်ဇင်ပုံအဖြစ်ပျံ့နှံ့မှုအားကောင်းနေ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်အပါအဝင် အနုပညာရှင်အချို့ ဒီကနေ့ ထောင်ကနေပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ အတူ အိန္ဒြာကျော်ဇင် ကားပေါ်က ဆင်းလာတဲ့ ဓာတ်ပုံ ၁  ပုံကို အိမ်ပြန်ရောက်တဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။  တကယ်တော့ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။  “စိတ်ထားနှလုံးသားလှတဲ့ရွှေမင်းသမီး ရဲ့  အိမ်အပြန် ခြေလှမ်း အောင်မြင်ပါစေ တိုင်းပြည်နဲ့ မိသားစုကို ဦးဆောင်နိုင်ပါစေ Maung Tun Wai 2-3-2022”လို့ရေးသားပြီး “Maung Tun Wai”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒီဓာတ်ပုံကိုပဲ “ပြန်ရောက်ပါပြီ တဲ့.. ၂၊၃၊၂၀၂၂ Photo .Sai Zwe […]

Continue Reading

Fact Check: ယူကရိန်းနိုင်ငံသားတွေ မြန်မာနိုင်ငံအတွက်ပါ ဆန္ဒပြပေးနေတာလား-မဟုတ်ပါ

ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရပြီး စစ်ဖြစ်နေပေမဲ့ ယူကရိန်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံအတွက်လည်း ဆန္ဒပြ ပေးနေတယ်ဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိ ပါတယ်။  အမွေးပွ အနွေးထည်အင်္ကျီဝတ်အမျိုးသားက ယူကရိန်းနဲ့ မြန်မာစပ်ထားတဲ့ သရုပ်ဖော်ကတ်တစ်ခုကို ကိုင်ဆောင် ထားတဲ့ ဓာတ်ပုံ၊ယူကရိန်းကို ကယ်တင်ပါ၊ မြန်မာကိုကယ်တင်ပါလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတဲ့ ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၃ ပုံနဲ့အတူ  “A Lawn Thin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၂၈ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။  “မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်🇲🇲🤝🇺🇦 Велике спасибі Україні за те, що висловлює занепокоєння […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီး တပ်သားတွေ မဟုတ်ပါ

ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီးတပ်သားတွေလို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ လေထီးခုန်နေသူအများအပြားကို ရိုက်ကူးထားဟန်ရှိပြီး လေယာဉ်တစ်စီး ပျံသန်းသွားတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ဗွီဒီယိုဖြစ်တာတွေ့ရပြီး လက်ရှိ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်မှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ “ ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော  ရုရှားလေထီးတပ်သားများ Video Crd”လို့ ရေးသားပြီး “Harry – Forex Business Consultant”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော် ဝါရီ ၂၅ ရက်က ဒီဗွီဒီယိုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၂၀၀ ဝန်းကျင်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီစွာရေးသားမျှဝေထားပြီး […]

Continue Reading

Fact Check: ကျပ် ငါးထောင်တန်များကို ငွေမဲအဖြစ်ကြေငြာတယ်ဆိုတာ မဟုတ်ပါ

မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းကြေညာသူ ၂ ဦးရဲ့ဓာတ်ပုံပေါ်မှာ “မြန်မာငွေ ငါးထောင်တန် များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာ”လို့ စာတန်းထိုးထားပြီး ဖေဖော်ဝါရီ ၂၅ ရက်က အောက်ပါအတိုင်း ဖေ့စ်ဘွတ်မှာပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မျှဝေထားတဲ့လင့်ခ်ကို နှိပ်ကြည့်ရာမှာ Love daily အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ်စာမျက်နှာကို ရောက်ရှိသွားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ကျပ် ၅၀၀၀ တန်တွေကို ငွေမဲကြေညာတဲ့ […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်က ရုရှားမှာအစမ်းလေ့ကျင်ပျံသန်းမှုဗွီဒီယိုကို လက်ရှိ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုအဖြစ်မျှဝေ

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဆိုပြီး လေယာဉ်တွေအုပ်စုဖွဲ့ပျံ့သန်းလာတာကို အဆောက်အဦး တစ်ခုအောက်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီဗွီဒီယိုထဲမှာ တိုက်လေယာဉ်အုပ်စုနဲ့ ရဟတ်ယာဉ်တွေ လအုပ်စုဖွဲ့ပျံသန်းလာတာတွေပါဝင်ပြီး အခြားသော ပေါက်ကွဲမှု၊ပစ်ခတ်မှုမြင်ကွင်းတွေလည်းပါဝင်ပါတယ်။ သို့သော် တိုက်လေယာဉ်တွေ အုပ်စုဖွဲ့ပျံသန်းလာတဲ့ ဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ရုရှားက ယူကရိန်းကိုကျူးကျော်စစ် ထိုးစစ်ဆင်လိုက်တဲ့ ရုပ်သံများကို စုစည်းတင်ပြထား ပါသည်။” စသည်ဖြင့်ရေးသားပြီး “Andrew KC”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေ ထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြား ရုရှားလက်အောက်ကျရောက်ခဲ့ပြီး ရုရှားတပ်တွေဟာ မြို့တော် ကိယက်ဗ် (Kyiv)အနီးအထိရောက်ရှိနေပါတယ်။ […]

Continue Reading

Fact Check: ရုရှားကျူးကျော်မှုကို ယူကရိန်းသမ္မတကိုယ်တိုင် စစ်ထွက်တိုက်နေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုသတင်းဟာ လူမှုကွန်ယက် အသုံးပြုသူများအကြား ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အင်းအားမမျှပေမဲ့ ယူကရိန်းသမ္မတကိုယ်တိုင် ရှေ့တန်းကနေ ခုခံကာကွယ်နေတယ်လို့ ချီးကျူးရေးသားထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်အတွင်းက ယူကရိန်းသမ္မတ ၂၀၂၁ ခုနှစ်ဧပြီလအတွင်းက  စစ်အခြေစိုက် စခန်းတွေကို သွားရောက်လည်ပတ်တုန်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒါကတော့ ယူကရိန်းသမ္မတပါ။ အခုတော့ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ တွေ့မြင်ရပုံဖြစ်ပါတယ်။ သူဟာ အခုထိ ယူကရိန်းကို စွန့်ခွာထွက်ပြေးသွားခြင်း မရှိသေးပါဘူး။ ယူကရိန်းစစ်တပ်ဟာ ရုရှားထက် အများကြီး အင်အားနည်းပေမယ့် မျှော်မှန်းထားတာထက် ပိုပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့က အဆိုးဆုံးတိုက်ပွဲကြီးတွေ ဖြစ်လာမယ့်နေ့လို့လဲ ကမ္ဘာက ခန့်မှန်းထားကြပါတယ်။ မြို့တော်ကို […]

Continue Reading

Fact Check: မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံလား-မဟုတ်ပါ

မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံဆိုပြီးတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အမေရိကန်အလံကိုင်ဆောင်ထားသူအချို့နဲ့အတူ စစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပါဝင်တယ်။  သို့သော် ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်းက အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့အတွက် အိမ်ထဲမှာနေဖို့အမိန့်ထုတ်ထားတာကို ဆန္ဒကျင့် ဆန္ဒပြပုံတွေကို ပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။ “မြန်မာစစ်တပ် ဦးမင်းအောင်လှိုင် ကို ထောက်ခံကြောင်း..အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုပ်ဖော်နေ ကြပြီ.. မျီုးချစ်အပေါင်းတို့ရေ”စသည်ဖြင့်ရေးသားပြီး “Kwee”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

ဆရာမတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတယ် ဆိုပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ၅၅ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုတစ်ခုပါဝင်ပြီး ဒီဗွီဒီယိုထဲမှာ အဖြူအစိမ်းဝတ်ထားတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ကြိုးကွင်းသွပ်ထားပြီး ကြိုးတစ်စကို လက်နက်ကိုင်အမျိုးသားတစ်ယောက်က ကိုင်ထားတာတွေ့ ရပါတယ်။ ထို့အပြင် အခြားသော အရပ်ဝတ်နဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးကို တုတ်တစ်ချောင်းနဲ့ ရိုက်နေဟန်ပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ PDF ဖွဲ့စည်းချိန်မတိုင်ခင် အနည်းဆုံး ၄ နှစ်စောပြီး အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ။ ဒီလို ကျင့်ဝတ်မရှိ ၊ သိက္ခာမရှိ ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ […]

Continue Reading

Fact Check: အိန္ဒိယနိုင်ငံက ဆင်ပုံသဏ္ဌာန် ရဟတ်ယာဉ် ဓာတ်ပုံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်အဖြစ် ပျံ့နှံ့မှုအားကောင်းခဲ့သည်

လေယာဉ်တွေပျက်မကျအောင်လို့ ဆင်ပျံ့နဲ့ စစ်တပ်က ယတြာချေနေတဲ့ဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှု အားကောင်းခဲ့တာတွေ့ရပါတယ်။ ရဟတ်ယာဉ်မှာ ဆင်ပုံသဏ္ဌာန်အလှဆင်ထားပြီး ပျံသန်းနေတဲ့ အဖြူအမည်းဓာတ်ပုံ ၂ ပုံ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄၀ ကျော်က အိန္ဒိယလေတပ်က လွတ်လပ်ရေးနေတဲ့ အခမ်းအနားမှာ ဆင်ယင်ပျံသန်းပြခဲ့တဲ့ ရဟတ်ယာဉ်သာဖြစ်ပါတယ်။ “ဗုဒ္ဓဟူးနံ လိန်ဗျံတွေ ထပ်မပျက်အောင် ဗုဒ္ဓဟူးဂြိုဟ် ဆင်ပျံနဲ့ ဗဗယတြာချေတာတဲ့။  မိုမိုရေ ……ဝူး 😁😁😁 ဆင်ကြီးကို ဂဠုံအချီခံရတော့မယ် ဗဗ😂”စသည်ဖြင့်ရေးသားပြီး “စောအာဲ ဆိုဒ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်ဆိုတဲ့ သတင်းမှား

CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်လို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေလျက်ရှိတာတွေ့ရပါတယ်။ ဒီစကားကို ဦးမင်းကိုနိုင်က Sprin g Flowers International ပွဲတော်မှာပြောကြားခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ တကယ်တော့ ဦးမင်းကိုနိုင်နဲ့ ဒီလိုပြောကြားခဲ့ခြင်းမရှိပါဘူး။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “CDM ကျရှုးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ဝန်ခံလိုက်ပြီ”လို့ရေးသားသလို ဓာတ်ပုံမှာ လည်း “Keynote Address by U Min Ko Naing at Spring Flowers International Conference on Myanmar”၊ “CDM ကျရှုံးသွားပြီလို့ မင်းကိုနိုင်ပြောပြီ”စတဲ့စာသားတွေ ရေးသားထားပါတယ်။ “သူကတော့ အဲဒီလိုလေးပဲ ပြောလိုက်တာ သူ့စကားတွေကိုယုံပြီး CDM လုပ်ခဲ့ကြတဲ့သူတွေရဲ့ ဘဝတွေ ဘယ်လောက်တောင် ပျက်ဆီးသွားကြပြီလဲဆိုတာ ပြေးကြည့်စရာတောင်မလိုဘူး […]

Continue Reading