Fact Check: ရွေးကောက်ပွဲဝင်မယ့်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ NUG က PDF ကိုညွှန်ကြားဆိုတဲ့ သတင်းတုသတင်းမှား

ထွက်ပေါက်မရှိတဲ့ နစက အတွက် ရွေးကောက်ပွဲဟာ တစ်ခုတည်းသော ထွက်ပေါက်မို့ ရွေးကောက်ပွဲမဖြစ်အောင် နိုင်ငံရေး၊စစ်ရေးအပါအဝင် အခြားနည်းလမ်းတွေနဲ့တားဆီးသွားဖို့ NUG က PDF တပ်ဖွဲ့တွေကိုညွှန်ကြားချက် ဆိုတဲ့ စာတစ်စောင်ပျံ့နှံ့လျှက်ရှိပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တွေမှာ “NUG မှ PDF တပ်ဖွဲ့များအား လျှို့ဝှက်ညွှန်ကြားခြင်း” လို့ခေါင်းစဉ်တပ်လျှက် USDP၊ NUP နဲ့ PPP တို့ ၏လက်ရှိလှုပ်ရှားနေမှုများ စောင့်ကြည့်ပြီး ပါတီတာဝန်ရှိသူတွေကို စုံစမ်းပြီး စာရင်း ရယူထားရန်မှအစ  ရွေးကောက်ပွဲဟာ နစက အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်လို့ ရွေးကောက်ပွဲ မလုပ်နိုင်ရေး၊ နိုင်ငံရေး၊စစ်ရေးနည်းလမ်း၊အခြားနည်းလမ်းအမျိုးမျိုးနဲ့ တားဆီးဆောင်ရွက်ရန်အပါအဝင် ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်အမတ်စာရင်း အတိအကျရရှိပါက ရွေးကောက်ခံလွှတ်တော်မတ်၊ မိသားစုဝင် အားလုံး လုပ်ကြံသတ်ဖြတ်ဖို့နဲ့ အခက်အခဲရှိရင် သူတို့နေအိမ်တွေကို လူစုလူဝေးနဲ့ ဖျက်ဆီးမီးရှို့ တာတွေ့လုပ်ဆောင်ဖို့ဆိုပြီးတော့ […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

 စစ်ကိုင်းတိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။ “စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  […]

Continue Reading

Fact Check: KIA တပ်မဟာ ၈ ဗုံးကြဲမှုအတွင်း KIA နဲ့ PDF ၈၃ ယောက်သေဆုံးမှု သတင်းမှား

KIA တပ်မဟာ ၈ ဗုံးကြဲတိုက်ခိုက်ခံရပြီး KIA နဲ့ PDF ၈၃ ယောက်သေဆုံးခဲ့ကာ လက်နက်တိုက်အပါအဝင် အဆောက်အဦး ၄၂ လုံးပျက်စီးသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံခဲ့ပါတယ်။ ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ KIA တပ်မဟာ ၈ ကို တိုက်ခိုက်နေတဲ့ပုံအဖြစ် တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ပုံ၊ မြေပြင်ဓာတ်ပုံနဲ့ စစ်သားတွေ မြန်မာအလံကိုင် အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။   KIA တပ်မဟာ ၈ ကို စစ်တပ်က ညပိုင်းမှာ လျှပ်တပျက်ဗုံးကြဲတိုက်ခိုက်ခဲ့တာမှန်ပေမဲ့ ဓာတ်ပုံတွေဟာ အကြောင်းအရာအသီးသီးနဲ့ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံဟောင်းတွေဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ KIO တာဝန်ရှိသူက ငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်ပါ screenshot ကတော့ ဒီလိုပြောဆိုချက်တွေပါဝင်ပြီးပို့စ်ခုပါ။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading

Fact Check: ဒီဓာတ်ပုံက AA ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံဖြစ်တယ်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တစ်နေရာက KIA နဲ့ PDFတို့ဖမ်းဆီးရမိတဲ့ စစ်သားတွေဆိုပြီး  အမျိုးသား ၁၄ ယောက် ဒူးထောက် လျှက်ရှေ့မှာ လက်နက်ခဲယမ်းတွေပြသထားတဲ့ဓာတ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ဓာတ်ပုံဟာ ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကကောက်နုတ်ထားတာဖြစ်ပါတယ်။ “KIA/PDFတို့ရဲ့ လက်စွမ်း….  ခွေးများစွာ အရှင်မိ/လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ    ကချင်ပြည်တနေရာ ၂၁_၈_၂၂/ATM” မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check: PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှား

PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဖြန့်ဝေခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူတွေအမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေ လို့ပါ။”လို့ရေးသားပြီး ဓာတ်ပုံတစ်ခုပေါ်မှာလည်း “အခုပဲနေပြည်တော်မှာဖြစ်သွားတာ ပြည်သူတွေ အမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်ပုံမှန် အသုံးပြုသူတစ်ယောက်အနေနဲ့ ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုတစ်ခုအဖြစ်အလွယ်တကူသိနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခု ကကြေညာ သူတစ်ဦး ဓာတ်ပုံကို အသုံးပြုထားပေမဲ့ Fact Crescendo Myanmar အနေနဲ့ PDF တွေ နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့သတင်းမျိုး မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ ကားမီးလောင်နေတဲ့ဓာတ်ပုံဟာ […]

Continue Reading

Fact Check: PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံမယ်လို့ KNU တာဝန်ရှိသူက ပြောနေတာလား-မဟုတ်ပါ

PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံသွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားချက် ဗွီဒီယိုလို့ ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၈ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဗိုလ်စလုံးက PDF တွေကို အိမ်ပြန်ဖို့နဲ့ မပြန်ရင် နစကလက်အပ်မယ်လို့ ပြောနေတာပါ။ တကယ်တော့ အသံပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNU များအနေဖြင့် PDF များကို NUG ထံမှ မျောက်ပြ ဆန်တောင်းသဘောမျိုးဖြင့် လက်ခံထားရာမှ KNU တပ်မဟာ ၅ နှင့် ၆တို့ကို …တပ်မတော်မှ ဖွတ်ဖွတ်ကြေအောင် ထိုးစစ်ဆင်လိုက်ရာမှစ၍ စစ်ပွဲကိုဆက်တိုက် နေခြင်းသည် ၎င်းတို့အတွက် အကျိုးအမြတ်မရှိ  ငြိမ်းချမ်းရေးရယူခြင်းဖြင့်သာ  အကျိုးရှိနိုင်မည်ကို သိမြင်လာ သဖြင့် လက်ရှိ မိမိတို့ထံတွင် ခိုလှုံနေသည် PDF များကို ၎င်းတို့၏ […]

Continue Reading

Fact Check: မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ၊ လုံခြုံရေးကောင်စီကို လက်နက် အမြန်ပေးဖို့ NUG သမ္မတတောင်းပြီဆိုတဲ့ သတင်းတုသတင်းမှား

မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ အပြင်လုံးဝမထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိရာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ   အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ”လို့ ရေးသားပြီး “PDF Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ ထို့အပြင် ဒုံးကျဉ်တွေပစ်နေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံနှစ်ခု ပေါင်းထားတဲ့ ဓာတ်ပုံပေါ်မှာ“NUG မှ ကုလလုံခြုံရေးကောင်စီကို လက်နက်အမြန်ပေးဖို့ NUG သမ္မတတောင်းပြီ မန္တလေးမြို့ သိမ်းတိုက်ပွဲစပြီ အပြင်လုံးဝမထွက်နဲ့”လို့ထပ်မံရေးသားထာပါတယ်။  မူရင်းလင်ခ့် – FB link | Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အခြားသောဘလော့ဂ်စာမျက်နှာ တစ်ခုနဲ့ Youtube ချန်နယ်တစ်ခုမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အတွေးအမြင်နဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ် လူစိတ်ဝင်စားဖွယ် ခေါင်းစဉ် အတု၊ ခေါင်းစဉ်အမှားတွေပေးပြီး ဝင်ငွေရှာနေတဲ့ဘလော့ဂ် စာမျက်နှာတွေကအခုလိုမျှဝေနေတာဖြစ်ပါတယ်။ လင့်ခ်ကို […]

Continue Reading

Fact Check: ရွာသူရွာသားတွေကို PDF ကကြိမ်နဲ့ရိုက်တဲ့ဗွီဒီယိုနဲ့ပတ်သက်ပြီး သတင်းအမှားများပျံ့နှံ့

အမျိုးသား၊အမျိုးသမီး အသက်ကြီးငယ်မရွေးကို အမျိုးသားတစ်ဦးက ကြိမ်တုတ်နဲ့ အားကုန်လက်လွဲရိုက်နေ တဲ့ဗွီဒီယိုဟာ အကြောင်းအရာအမျိုးမျိုးနဲ့ရေးသားဖြန့်ဝေမှုတွေနဲ့အတူ ပျံ့နှံမှုအားကောင်းနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေကိုနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ပြောဆိုချက် ၁ ဝက်လက်မြို့နယ်မှာ ရှေးဟောင်းပစ္စည်းရှာဖွေဖို့လာရောက်တဲ့သူတွေကို PDF ရိုက်နှက်ပြန်လွှတ်နေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ပြောဆိုချက် ၂ တပ်ထောက်ခံပွဲမှ ပြန်လာတဲ့သူတွေကို နယ်မြေခံPDFတွေက အပြစ်ပေးဆုံးမနေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကဖြစ်စဉ်ဖြစ်ပါတယ်။ စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကိုဝယ်ဖို့ […]

Continue Reading

Fact Check: မင်းကင်းမှာ PDF ၅၇ ယောက်ဖမ်းမိတဲ့ သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လူရွယ်ယောကျ်ားအများအပြား လက်ပြန်ကြိုးတုပ်အဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ PDF ၅၇ ယောက် တောင်ဖြူရွာဖမ်းမိတယ်ဆိုတဲ့ ပို့စ် ၁ ပို့စ်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူအချို့ကမျှဝေလျှက်ရှိရာမှာ နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ “၅၇ ယောက် ဖမ်းမိ / ၁၆ ယောက်သေ ဖမ်မိတာက #တောင်ဖြူရွာ မှာပါ ပန်းဆက်ရွာ နဲ့ တောင်ဖြူရွာ က မီတာ ၆၀၀၀ ထောင် လောက် ဝေးတယ် ၄ မိုင်ခန့် လောက်ပေါ့ PDF ခေါင်းဆောင် ဗိုလ်သော်ဦး လဲအဖမ်းခံလိုက်ရတယ် ရွာခံတွေ ညီညွတ်မှု ရှိတာရယ် တပ်က ထွက်ပေါက်တွေ ပိတ်ပေးထားလေတော့ ထွက်ပေါက်မဲ့ပြီး လက်နက်ချ အကုန် အဖမ်းခံရရော […]

Continue Reading

Fact Check: ဘားလမ်းဘက်စ်ကားမှတ်တိုင်ဗုံးခွဲမှုနဲ့ပတ်သက်ပြီး People Defence Force Yangon(PDF)အမည်နဲ့ ထုတ်ပြန်ချက်အတု 

ယနေ့(၂၀၂၂ ခုနှစ်မေ ၃၁ ရက်) ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ဘားလမ်းဘက်စ်ကားမှတ်တိုင် ဗုံးခွဲခံ ရမှုမှာ People Defence Force Yangon(PDF)က သူတို့လုပ်ရပ်ဆိုပြီးတော့ ထုတ်ပြန်ချက် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာမျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဝါဒဖြန့် သတင်းတုပြုလုပ်ဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။ ဒီဗုံးပေါက်ကွဲမှုမှာလူ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။   “၃၁-၅-၂၀၂၁ ရက်နေ့ ညနေ (၃)နာရီ (၂၀)အချိန် အစ္စလာမ်ဘာသာဝင် (၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ ဘားလမ်းထိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ People Defence Force Yangon (PDF) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။”လို့ ရေးသားပြီး “Naing Thein […]

Continue Reading