အစားအသောက်နဲ့ COVID-19 ကာကွယ်ကုသနိုင်လား

COVID-19 ကာကွယ်ရေးဆိုပြီးတော့ “သံပုရာရည်သောက်၊ ဂျင်းများများစား၊ ဟင်းလျာမှာ နနွင်းပါစေ၊ ဟင်းရည်ပူပူငြုပ်ကောင်း၊ ငါးဟင်းစား၊ ကြက်သွန်ဖြူ/နီစား၊ ရေနွေးကြမ်းပူပူသောက်၊ နေထွက်စမှာလမ်းလျှောက်”ဆိုတဲ့ အချက် ၈ ချက်ပါတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ဝူဟန်ဗိုင်းရပ်စ်”ကာကွယ်ကုသရာမှာ ထိရောက်တယ်လို့ ပြောနေကြတဲ့ ဆေးတွေရဲ့အာနိသင်သဘောတရားက ကိုယ်ရဲ့အနီးမှာပါ” (လက်ဆေးဘို့လည်းမပျင်းနဲ့)” ဆိုပြီးတော့ U Win Tin အမည်နဲ့ အကောင့်က မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ကမ္ဘာ့ကျန်းမားရေးအဖွဲ့က လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ပြောကြားထားပါတယ်။ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် […]

Continue Reading

ကိုရိုနာ ဗိုင်းရပ်စ်ကို အောင်နိုင်သွားသည့် တိုင်းရင်းဆေးပင်ဆိုတဲ့ သတင်းမှား

“ဒီနေ့ မတ်လ ၁၆ရက် (၂၀၂၀)မှာ ထိုင်းနိုင်ငံ ကူးဆက်ရောဂါပိုး တိုက်ဖျက်ရေးအဖွဲ့က ကိုဗစ်ရောဂါပိုးတွေကို သေ​ေစနိုင် ကာကွယ်နိုင်တဲ့ ဖါထလိုင်ကျွန်  ​ေဆးဖက်၀င် ฟ้าทะลายโจร  အပင်ဟာ  ထိုင်းပြည်သူအတွက် အသင့်တော်ဆုံး ရောဂါပိုးတိုက်ဖျက်နိုင်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ဆေးခါးကြီးပင်အခေါ် Green chiretta (穿心莲) ကို ငရုတ်ခါး၊ကရင်ဆေးခါးဟု အရပ်ဒေသကိုလိုက်ပြီး  ခေါ် ကြပြီး ရုက္ခဗေဒအမည်မှာ A n d r o g r a p h i s P a n i c u l a t a N e e s ဖြစ်ပြီး […]

Continue Reading

ဆားရေဖြင့် ပလုပ်ကျင်းရင် corona ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ တစ်ဝက်မှန် တစ်ဝက်မှားသတင်း

ဆားရေဖြင့် ပလုက်ကျင်းရင် corona ဗိုင်းရပ်စ်ကိုဖယ်ရှားနိုင်တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။  “Corona ဗိုင်းရပ်စ်သည် အဆုတ်သို့မရောက်မီလည်ချောင်းထဲ၌  ၄ ရက်နေရသည်။ ဤအချိန်တွင် လူသည် ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများစတင်ဖြစ်ပွားခဲ့သည်။ အကယ်၍ သူသည်ရေကို များများစားစားသောက်ခြင်း၊ ရေနွေးနဲ့ ဆားကို ပလုပ်ကျင်းခြင်းသည် ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ပါသည်။ သင်အချက်အလက်နှင့်အတူ တစ်စုံတစ်ဉီးကိုကယ်တင်နိုင်သောကြောင့် ဤအချက်အလက်ကို ဖြန့်ဝေပေးပါ” ဆိုပြီးတော့  Htain Lin အမည်နဲ့အကောင့်က မျှဝေထားတာတွေ့ရပါတယ်။ “ဆားရေနဲ့ အာလုပ်ကျင်းပါ”လို့လည်း ရေးသားထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ ရိုးရိုးအအေးမိဖျားနာတာ တွေမှာတော့ နှာခေါင်းကို ဆားရေနဲ့ဆေးကြောပေးတာကြောင့် မြန်မြန်နေကောင်းလာတယ်ဆိုတဲ့ အထောက်အထားအနည်းငယ်တော့ရှိပါတယ်။ သို့သော်လည်း အသက်ရှုလမ်း […]

Continue Reading

သရုပ်ဆောင်မေသန်းနု ထောင်ကလွတ်လာပြီဆိုတဲ့ သတင်းမှား

ငွေကြေးလိမ်လည်မှုနဲ့တရားစွဲခံရပြီးထောင်ကျခဲ့တဲ့ သရုပ်ဆောင်မေသန်းနုဟာထောင်ဒဏ်တစ်နှစ်ချမှ တ်ခံထားရပါတယ်။ ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခံရပြီး သိပ်မကြာသေးခင်မှာပဲ မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိလည်းမျှဝေနေ တာတွေ့ရပါတယ်။ အေးအေးဝင်းအမည်နဲ့ အကောင့်က မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာလည်း တွေ့ရပါတယ်။ FB Link Archive link အချက်အလက်စိစစ်ချက် ၁။ ဗွီဒီယိုရဲ့ခေါင်းစဥ◌်မှာ “အတိုင်းမသိဝမ်းသာပါတယ် မင်းသမီးကြီး မေသန်းနုထောင်က ပြန်လွတ်လာပြီ”လို့ ရေးထားပေမဲ့ တကယ်တမ်းဗွီဒီယိုထဲမှာ နောင်ခံစကားပြောထဲမှာ ထောင်တစ်နှစ်ကျသွားတဲ့အကြောင်း သာပါဝင်တာတွေ့ ရပါတယ်။ ၂။ Google မှာပုံကို ပြောင်းပြန်ရှာတဲ့အနည်းအသုံးပြုရှာဖွေရာမှာ အလားတူ ပုံတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တရားဝင်သတင်းမီဒီယာတစ်ခုမှ တွေ့ရပါဘူး။ ၃။ “မေသန်းနု ပြန်လွတ်လာ”ဆိုတဲ့ အဓိက စကားလုံးတွေကို Google မှာ […]

Continue Reading

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရဆိုတဲ့ သတင်းမှား

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာရှိပါတယ်။ ကျော်ကျော်နန္ဒဟာ မိသားစုပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ချက်ချင်းဆေးရုံတင်လိုပ်ရတယ်လို့သိရတယ်ဆိုပြီးတော့ သတင်းထဲမှာ ရေးသားပါတယ်။ ဟာသ ဗဟုသုတ သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်အဖွဲ့မှာ အောက်ပါအတိုင်းမျှ ဝေထားပါတယ်။  FB Link Archieve Link အချက်အလက်စိစစ်ချက် ၁။ ကျော်ကျော်နန္ဒ ရဲ့စာမျက်နှာမှာ မတ်လ ၇ ရက်နေ့မှာ အတွင်းခံဘောင်းဘီကြော်ငြာ ရိုက် တယ်လို့ ဆိုထားပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြထားတာမတွေ့ရပါဘူး။ ၂။ မိသားစုပြိုင်ပွဲစာမျက်နှာမှာ မတ်လ ၆ ရက် ပြိုင်ပွဲမရှိတာတွေ့ရပါတယ်။ ၃။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၇ ရက်ထုတ်ပြန်ချက်အရလည်း ရန်ကုန်တိုင်းဒေသကြီးမှာ မတ် ၆ ရက်နေ့က သံသယလူနာတွေ့ရတယ်လို့ မပါရှိပါဘူး။ သုံးသက်ချက် အထက်က […]

Continue Reading

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ သတင်းမှား

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ E.T.S Every Time Story  ရဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ FB link Archieve link အခြားသော လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဒဂုံစင်တာ ၂ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ် လက္ခာနဲ့ လူတစ်ဥ◌ီး သတိလစ်နေဆိုပြီး နှာခေါင်းပိုက်တပ်ထားတဲ့ လူတစ်ယောက်နဲ့ လူနာတင်ယာဥ◌်ကို ပြထားပေမဲ့ တကယ်တမ်း လင့်ခ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ စစ်ကိုင်းမှာ သံသယရှိလူနာတွေ့ရှိဆိုတဲ့ သတင်းဖြစ်နေပါတယ်။ ၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့အထိ Covid-19 နဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်မှာ ဒီဖြစ်စဥ်ကို မတွေ့ရှိရပါဘူး။ ၃။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၄ ရက်နေ့အထိထုတ်ပြန်တဲ့ နိုင်ငံအလိုက်ကူးစက်ခံရမှုစာရင်းတွေအရလည်း မြန်မာနိုင်ငံမှာ Covide-19 ဖြစ်ပွားမှုစာရင်းမရှိသေးပါဘူး။ ၃။ ဒဂုံစင်တာကတော့ […]

Continue Reading