ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ သတင်းမှား

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Bo Aung Din အမည်နဲ့အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ “ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ”ဆိုပြီး ရေးသားမျှဝေထားပါတယ်။ Nay Min Khant အမည်နဲ့အကောင့်ကလည်း “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link လင့်ခ်ကိုထောက်ပြီးတော့ဖတ်မယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာလင့်ခ်တွေ၊ ကံစမ်းမဲပေါက်ပြီးစတဲ့လင့်ခ်တွေဆီကို မျှားခေါ်နေသလိုခံစားရတဲ့ကြော်ညာတွေအလိုအလျှောက်ဝင်လာတဲ့ myanmartips ဆိုတဲ့ဝက်ဆိုဒ်ဆီကို ရောက်ရှိသွားပြီး အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။ “BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက […]

Continue Reading

ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုပြီး မျှဝေနေတဲ့ အန္တရာယ်ရှိသတင်းမှား

“မလေးရှားမှာ ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုလို့ စားကုန်ကြပြီ ရုပ်သံဖိုင်”ဆိုပြီး Love H အမည်နဲ့အကောင့်တစ်ခုက “အထူးသတင်းစုံ”၊ “သတင်းစုံ”၊ “မှုခင်းသတင်းများ”စတဲ့ ဖေ့စ်ဘွတ် အုပ်စုတွေထဲမှာ မျှဝေထားတာတွေ့ရပါတယ်။  Fb link Fb link Fb link Archive link Archive link Archive link “အကိုတို့ ၊ အမတို့ရေ ဆပ်ပြာစားရင် ပျောက်တယ်တဲ့ မလေးရှားမှာ ဆပ်ပြာစားလို့ ပျောက်ကုန်ကြပြီတဲ့… မြန်မာပြည်က လူတွေသိအောင် ရှဲပေးဦး ဟာသအနေနဲ့ တင်တာနော်။တကယ်သွားမလုပ်နဲ့။ ဆပ်ပြာစားလည်း မပျောက်ဘူး..သေသွားလိမ့်မယ်..”ဆိုပြီးတော့ “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာပါတယ်။ Fb link Archive link “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာကို tatinhtoo အမည်နဲ့ ဝက်ဆိုဒ်က “မလေးရှားမှာ ဆပ်ပြာစားရင် […]

Continue Reading

ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုတဲ့ သတင်းမှား

 ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကဲ ကွမ်းစားတဲ့ ညီနောင်တွေ ပျော်လို့ရပီ ကွမ်းယာမှာပါတဲ့ ထုံးဓာတ်Ca(OH)2 အယ်ကာလီက အဆီလွှာကို ပေါက်ပြဲပျက်စီးစေတာကြောင့် အဆီလွှာနဲ့ဖုံးအုပ်ထားတဲ့ ကိုဗစ် ပိုးကို သေကြေပျက်စီးစေပါတယ် မတော် တဆ ပါးစပ်ထဲရောက်လာတဲ့ ကိုဗစ် ပိုးဟာ ထုံးဓာတ်ကြောင့် သေကြေပျက်စီးပါတယ် တရုတ်ပြည်ဝူဟန်မှာ ထုံးအမှုန့် တွေဖြန်းပီးနောက်ပိုင်း ပိုးကူးစက်မှု ရပ်တန့်သွားကြောင်းအခု လက်ရှိ postive ဝေဒနာသည်တွေဟာ ကွမ်းမစား သူတွေဖြစ်ကြကြောင်း ထို့ကြောင့် ကွမ်းစားများတဲ့ အိန္နိယနဲ့မြန်မာမှာ ကူးစက်မှုနည်းနေကြောင်း ကွမ်းစားခြင်း ကိုအားပေးတာမဟုတ်ပေမဲ့ လက်ရှိတွေ့ရှိချက်တွေကို ထုတ်ပြန်ထားတာပါ တစ်ခုတော့ရှိပါတယ် ကျန်တဲ့ အပေါက် တွေက မဝင်အောင်တော့ အိမ်ထဲမှာပဲ နေ လက်ဆေးကြပေါ့ဗျာ ဒါပေမဲ့ ကွမ်းမစားသူထက်စာရင်တော့ ကွမ်းစားနေကြတဲ့သူတွေက ကူးစက်ခံရမှုမရှိသလောက်ဖြစ်နေ […]

Continue Reading

(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်းခွဲ ကံထူးရှင်ကိုလွဲမှားဖော်ပြနေ

လစဉ်လဆန်း ၁ ရက်မှာ ထီဖွင့်တိုင်း အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ် သိန်း ၁၅၀၀၀ ဆုကို ဘယ်တိုင်း ဒေသကြီးကပေါက်သလဲ၊ ဘယ်သူပေါက်သလဲဆိုတာဟာ စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုပါ။ ဒီလိုအခြေအနေမှာ “(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်း ခွဲ ကံထူးရှင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ မလဲ့လဲ့မိုး သိန်း ၁၅၀၀၀ ဆု (ဗ ၄၉၄၅၇၈) ဖြင့် ထိုက်တန်စွာ ဆွတ်ခူးပေးလိုက်ပါပြီ… ထပ်တူ ဝမ်းသာမိပါသည်။ Credit… Linn Latt Thway”ဆိုပြီး ပုံစံတူပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာအမြောက်အများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကနေ့ ဧပြီ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ (၁၄)ကြိမ်မြောက် အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို […]

Continue Reading

အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖျက် သိမ်းဆိုတဲ့ သတင်းမှား

“အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ယနေ့ ဖျက်သိမ်း” Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဒု-သမ္မတ (၁) ဦးဆောင်၍ ပြန်လည်ဖွဲ့စည်း”ဆိုပြီးတော့ “People Media”က လူမှုကွန်ယက်မှာမျှဝေလာပါတယ်။ Fb link Archive link နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဉီးဆောင်တဲ့ကော်မတီကို တကယ်ဖျက်သိမ်းခဲ့ပါသလား အချက်အလက်စိစစ်ချက် မတ် ၃၀ ရက်စွဲနဲ့ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၅၃ /၂၀၂၀ အဖြစ် ယနေ့ မတ် ၃၁ ရက်မှာ ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းခြင်းအမိန့်ကြော်ငြာစာအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Fb link Archive link ဒီအမိန့်ကြော်ငြာရဲ့ […]

Continue Reading

ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေကို ပုံဖျက်ထားတဲ့ သတင်းမှား

“အတိုင်ပင်ခံနှင့် ကိုယ်ပျောက်ကြီးစာရင်းမတွေ့ရသေးဘူး ဘယ်တော့လဲ”ဆိုပြီးတော့ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေစာရင်းတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အလှူရှင်တွေထဲမှာ အရင်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဉီးသိန်းစိန်စတဲ့ ပုဂ္ဂိုလ်တွေပါဝင်တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂ ရက်အတွင်းမှာ ဒီပို့စ်ကို လူမှုကွန်ယက်သုံးစွဲသူ ၂ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Archive link တကယ်ပဲ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ လှူဒါန်းခဲ့ပါသလား။ အချက်အလက်စိစစ်ချက် ဒီမျှဝေထားတဲ့ ဓာတ်ပုံကို ကြည့်မယ်ဆိုရင် အလှူငွေစာရင်းရဲ့ အပေါ်ဆုံးပိုင်းမှာ နောက်ခံအရောင်အနည်း ငယ်ဖြူနေတာတွေ့ရပါတယ်။ အလှူငွေစာရင်းတွေကို အစိုးရပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ မတ် ၂၆ ရက်နေ့ထုတ် ကြေမုံသတင်းစာ စာမျက်နှာ ၃ ပါပုံနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ စာမျက်နှာသုံးမှာ အခုပုံကို တွေ့ရမှာဖြစ်ပါတယ်။ The Mirror မတ် ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၁ […]

Continue Reading

Ygn ..48hrs အတွင်း LOCK DOWN ချပါမယ်ဆိုတဲ့ သတင်းမှား

မတ် ၂၉ ရက်အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်တဲ့ covid-19 အတည်ပြုလူနာ ၈ ဉီးမှာ ၅ ဉီးဟာ ရန်ကုန်မှာဖြစ်ပါတယ်။ ပြည်တွင်းပထမဆုံး ကူးစက်လူနာအဖြစ် ဧည့်လမ်းညွှန်အမျိုးသမီးဖြစ်သူ လူနာအမှတ်(၈)ကလည်း ရန်ကုန်ကဖြစ်နေချိန်မှာ “Ygn ..48hrs အတွင်း LOCK DOWN ချပါမယ် Comfrim ဖြစ် ပါပြီ..မကြာခင် တရားဝင် ကြေငြာတော့မယ် …Crd# ကပ် ဆိုးဘေးဆိုးမှ ကင်းဝေးကြပါစေ…”ဆိုပြီးတော့ May Thazin Soe အမည်နဲ့အကောင့်က ရေးသားထားတာတွေ့ရပါတယ်။ Aung Kyaw Oo အမည်နဲ့အကောင့်ကလည်း “Current Affiars”အမည်နဲ့ ဖေစ့်ဘွတ်အုပ်စုထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link […]

Continue Reading

လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ သတင်းမှား

လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “တစ်ကယ်ပြောက်နိုင်ပါတယ်ေနာ် ဝိုင်းဝန်းShareပေးကြပါအများသိအောင်လို့”ဆိုပြီး “Htwe Htwe” အမည်နဲ့ အကောင့်က ဗွီဒီယိုဖိုင်တစ်ခုကို မျှဝေထားပါတယ်။ မတ် ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဖိုင်ဟာ ၂ ရက်အတွင်း လူ ၂ သိန်းနီးပါးက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ၄၉ စက္ကန့်သာကြာမြင့်တဲ့ ဒီဗွီဒီယိုထဲမှာ စစ်စိမ်းရောင် စွပ်ကျယ်အင်္ကျီလက်ပြတ်ဝတ်ဆင်ထားတဲ့အမျိုးသားက လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ် သေစေတယ်လို့ ပြောခဲ့သလို covid-19 ပိုးတွေ့ရှိတဲ့ လူနာနှစ်ယောက်ကို အခုဆေးနည်းနဲ့ကုမယ်ဆိုရင် ပြောက်ကင်းမယ်လို့ ပြောကြားထားပါတယ်။ Fb link Archive link  “ကိုရိုက်နာ ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ မြန်မာတိုင်းရင်းဆေးကို ပြောပြလာတဲ့ အမျိုးသား ဗီဒီယိုဖိုင် တစ်ကယ်ပြောက်နိုင်ပါတယ်နော် ဝိုင်းဝန်းShareပေးကြပါအများသိအောင်လို့”ဆိုပြီးတော့လည်း “Nay […]

Continue Reading

ခွေးကြောင်းများနှင့် အနီးကပ်နေရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်လား

မတ် ၁၉ ရက်မှာ ကမ္ဘာတစ်လွှာမှာနိုင်ငံပေါင်း ၁၆၆ နိုင်ငံအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ ဟောင်ကောင်က ခွေးတစ်ကောင်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီးမြောက်ပြီး ၂ ရက်အကြာမှ  သေဆုံးခဲ့ပါတယ်။ ဒီလိုမျိုးအချိန်မှာ “ခွေးကြောင်များနှင့် အနီးကပ်မနေပါနဲ့ COVID/19 ဒီအချိန်ခွေးကြောင်မျောက်တွေနဲ့ ဝေးဝေးနေပါ သင့်တမိသားစုလုံးအတွက် အခုချက်ချင်းသတိပြုပါ”ဆိုပြီး kokomg အမည်နဲ့အကောင့်က လူမှုကွန်ရက်မှာ ပို့စ်တစ်ခုမျှဝေလာပြီး ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ခွေးတစ်ကောင်ဟောင်ကောင်မှာကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီး ၂ ရက်အကြာမှာသေဆုံးမှုဖြစ်ခဲ့တယ်လို့ မတ် ၁၆ ရက်က သေဆုံးမှုဖြစ်ခဲ့တဲ့ သတင်းကို South […]

Continue Reading

ဗိုက်တာမင်(စီ)က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်လား

“အထူးသတင်း၊(COVID-19)နှင့်လျှို့ဝှက်ထားသောတရုတ်လက်နက်”ဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ရှည်လျားပြီး စွဲဆောင်မှုရှိရှိရေးသားထားတဲ့ စာထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြောင်းလည်းပါသလို ဗိုက်တာမင်စီအကြောင်းနဲ့ မြန်မာနိုင်ငံအကြောင်လည်းပါဝင်ပြီး နိဂုံးချုပ်ခါနီးမှာ “အခုတရုတ်ပြည်မှာ(COVID-19) ကိုထိန်းချုပ်နိုင်သွားပါပြီ။ဘယ်လိုထိန်းချုပ်သလဲဆိုတော့ ဖေဖေါ်ဝါရီလလယ်မတိုင်ခင်လေးမှာ(Vitimin C high dose)နှင့်စတင်စမ်းသပ်ကုသဖို့(High dose vitamin C clinical trials) တွေကိုစတင်စမ်းသပ်ကုသခဲ့ပါ တယ် လို့တရုတ်ပြည်ကဆရာဝန်(Doctor Richard Cheng)ကိုယ်တိုင်ဝန်ခံသွားပါ တယ်။မယုံရင်အောက် ကလင့်ခ်မှာဗီဒီယိုဖိုင်ဝင်ကြည့်လိုက်ကြပါ”လို့လည်း Kelvin Albert Power အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာ “vitamin c covid-19”လို့ ရိုက်ရှာကြည့်တဲ့အခါမှာ vitamin c က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သလားဆိုတဲ့မေးခွန်းတွေနဲ့အတူ ကုသပေးနိုင်တာမဖြစ်နိုင်တာကိုရေးသားထားတဲ့ သတင်းနဲ့ ဆောင်းပါးတွေ၊အချက်အလက်စိစစ်ချက်တွေ တွေ့ရပါတယ်။ […]

Continue Reading