Fact Check: ဦးခင်ရီ ပစ်သတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေ ထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ အလား တူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ ယူကျူ့ချန်နယ်တစ်ခုက ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။ အခုလည်း ဦးခင်ရီ ပစ်သတ်ခံရလို့ ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီလို ဦးခင်ရီ အသတ်ခံရတဲ့ အကြောင်းမပါဝင်ပါဘူး။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ပြတ်ပြတ် သားသား အနိုင်ရအောင်လုပ်မယ်လို့ ပါတီဥက္ကဋ္ဌဦးခင်ရီကပြောကြောင်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ‌အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရရှိတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရပြီး အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရတယ်ဆိုတဲ့ ပို့စ် အွန်လိုင်းအသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့  Khit Thit Channel အမည်နဲ့ ယူကျူ့အကောင့်ကနေ ဇွန် ၃ ရက်က မျှဝေထားတာကို စခရင်ရှော့ ရိုက်ထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ NUG က ဝန်ကြီး ‌ဒေါက်တာ ဆာဆာနဲ့ အမေရိကန်အစိုးရတို့ တွေ့ဆုံမှု သို့မဟုတ် သဘောတူညီချက်အကြောင်း သတင်းဖော်ပြချက်မျိုး မရှိပါဘူး။ […]

Continue Reading

Fact Check: မှတ်ချက်မပါသော ငွေလွှဲများအတွက် KPay အကောင့် ပိတ်ခံရမယ်ဆိုတဲ့ သတင်းမှား

ငွေလွှဲရာမှာ မှတ်ချက်မပါသော အွန်လိုင်းငွေလွှဲပြောင်းမှုတွေကို ကမ္ဘောဇဘဏ်(KBZ)က ပိတ်ပင်တော့မယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်ပြီး KBZ Pay ဟာလည်း စမတ် ဖုန်းကတစ်ဆင့် ငွေပေးချေးမှုများအတွက် နာမည်ကြီးပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link  | Archive link Kbz pay အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မေ ၂၇ ရက်ကစပြီး ဒီအကြောင်းအရာကို ဆက်တိုက်ဆိုသလို ရေးသားမျှဝေနေတာတွေ့ရပါတယ်။ မေ ၂၇ ရက် ညနေ ၆ နာရီမှာ ယနေ့ညနေကစပီး “kbzpay ( Note update ) […]

Continue Reading

Fact Check: လိင်ဆံဆက်ခြင်းကို အားကစားတစ်ခုအဖြစ် ဆွီဒင်က တရားဝင်လက်ခံ သလား-မဟုတ်ပါ

ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်ပြီဖြစ်ပြီး European Sex Championship ပြိုင်ပွဲကို ဇွန် ၈ ရက်နေ့မှာ ကျင်းပပေးသွားတော့မှာဖြစ်တယ်လို့ဆိုပြီး ဖြန့်ဝေမှုတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားကတော့ ဇွန် ၅ ရက်ကစတင်ပျံ့နှံ့လာတဲ့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကို အားကစားတစ်ခုအဖြစ် တရားဝင်အတည်ပြုလိုက်ကြောင်းနဲ့ လိင်ဆက်ဆံခြင်းကို အားကစားတစ်ခုအနေနဲ့ ကြေညာတဲ့ ကမ္ဘာ့ပထမဆုံးသော နိုင်ငံဖြစ်လာကြောင်းနဲ့ လိင်ဆက်ဆံပြိုင်ပွဲတွေကို ဇွန် ၈ ရက်မှာ  ပြုလုပ်သွားဖို့ရှိကြောင်းနဲ့ ဥရောပနိုင်ငံပေါင်း ၂၀ က ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပြီး ဖြစ်ကြောင်းရေးသားထားပါတယ်။   မူရင်းလင်ခ့် – Fb link  | Archive link အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း […]

Continue Reading

Fact Check: မုန်တိုင်းကြီးဝင်လာပြီ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

မုန်တိုင်းကြီးဝင်လာပြီ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မုန်တိုင်းကြီးသတင်း၊ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါ။” တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အင်အားအလွန့်အလွန်ပြင်းတဲ့ ဖျက်အားပြင်း မိုခါဆိုက်ကလုန်းမုန်တိုင်း မေ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်မှုအပြီး နောက်ထပ် ဘင်္ဂလာပင်လယ်အော်မှာ မုန်တိုင်းသတိပေးချက် တစ်စုံတစ်ရာမရှိပါဘူး။ ပြည်တွင်းနဲ့ နိုင်ငံတကာမိုးလေဝသ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်လည်းမရှိပါဘူး။ အခုလို မုန်းတိုင်းဝင်လာလို့ ဘေးလွတ်ရာကို အမြန်ပြောင်းရွှေ့ကြဖို့တိုက်တွန်းထားတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတာကလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက “နေ့စဉ်မိုးလေဝသသတင်း”ကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်ကို ဖတ်ကြားနေခြင်းဖြစ်ပြီး […]

Continue Reading

Fact Check: တရုတ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့ယိုဖိတ်ကာ အစောင့် ၁၀ ဦးသေဆုံးတဲ့ သတင်းမှား

တရုတ်ပိုက်လိုင်းပေါက်ကွဲလို့ဓာတ်ငွေ့တွေယိုဖိတ်ကုန်ပြီး အစောင့် ၁၀ ပါ တပါတည်း ရှင်းခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ မန္တလေးတိုင်း တောင်သာမြို့အနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဂိတ်စောင့် စစ်တပ်ကို PDF တွေက တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ အခြားသော ပစ်ခတ်တိုက်ခိုက်မှုသတင်းတွေ ကိုမျှဝေနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ မေ ၂၃ ရက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ သတင်းထဲမှာ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် […]

Continue Reading

Fact Check: လက်ရှိစစ်ခေါင်းဆောင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနားပေးတဲ့ သတင်းမှား

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက အာဏာပြန် သိမ်းပြီး အနားပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်လွဲနဲ့ သတင်းမှားဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။   “သန်းရွှေ အာဏာပြန်သိမ်းဟု နေပြည်တော်မှာသတငိးထွက်နေ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသား ထားသလို “မင်းအောင်လှိုင်အနား‌ပေးခံရ (၁၁)ရက်နေ့ ဦးသန်းရွှေ မွှေနေပြီ လုပ်ရည်ကိုင်ရည် မရှိဟုဝေဖန်” စသည်ဖြင့်လည်း ဗွီဒီယိုထဲမှာ ရေးသားမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှု သိန်းဂဏန်းရှိပါတယ်။ တူညီတဲ့ ဗွီဒီယိုကို ယူကျူ့မှာ တင်ထားရာမှာလည်း ဝင်ရောက်ကြည့်ရှု့မှုပေါင်း ၂ သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

စစ်တပ်အနေနဲ့ ပြည်သူလူထုကို လက်နက်အပ်မယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “စစ်တပ်အနေနဲ့ ပြည်သူကို လက်နက်အပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော အရှုံးပေးဖို့ပြင်နေပြီ” စသည်ဖြင့် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ရေးသားထားတာနဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။  ဗွီဒီယိုထဲမှာ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေး၊ လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးဆိုပြီးတော့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်း တွေကို လိုင်စင်လျှောက်ထားဖို့ မေလ ၉ ရက်မှာ စစ်ကောင်စီက […]

Continue Reading

Fact Check: ကမ်းခြေကို လှိုင်းရိုက်နေတဲ့ ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို တိုက်ဖွန်းမုန်တိုင်း ဟိုင်ယန်ဝင်‌ရောက်စဉ်က ပုံဖြစ်တယ်

အမျိုးအစား ၅ မုန်တိုင်းအဆင့်ရှိ ဖျက်အားပြင်း မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက တဆင့် မြန်မာနိုင်ငံကုန်တွင်းပိုင်းကို မေ ၁၄ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှာ ဒီမုန်တိုင်းသတင်းနဲ့အတူ သတင်းဓာတ်ပုံ အမှားအချို့လည်း ပျံ့နှံ့ခဲ့တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။  ဒီမုန်တိုင်းကြောင့် စစ်တွေတမြို့လုံးနီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လောလောဆယ် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။ အောက်ဖော်ပြပါ ဓာတ်ပုံကတော့ မုန်တိုင်းနဲ့အတူဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ဓာတ်ပုံတစ်ပုံဖြစ်တယ်။ ဓာတ်ပုံနဲ့အတူဖော်ပြထားတဲ့ စာသားတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။  “ဒီအတိုင်းသာဆို စစ်တွေ တစ်မြို့လုံး နီးပါး ရေဖုံးတော့မယ် “မိုခါ” မုန်တိုင်းက စစ်တွေ နဲ့ မိုင် ၃၀ အကွာမှာ ရောက်နေပြီ ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပါပြီ။ MPT Telenor အော်ရီဒူး […]

Continue Reading

Fact Check: ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းမှား

ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “မုန်းတိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ။ အမှုအားလုံးရုပ်သိမ်း။”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသားထားပြီး “အမှုအားလုံးကို ရုပ်သိမ်း မုန်တိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ ‌ဒေါ်စုလွတ်ပြီ”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြ သတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link ထို့အပြင် ဖေ့စ်ဘွတ်မှာလည်း အလားတူ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပြီး ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းမျိုး သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုအစမှာ ရေးသားထားသလို ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ […]

Continue Reading