
ပိုက်ဆံချမ်းသာမှုထက် ကျန်းမာရေးက အရေးကြီးပုံအဖြစ် တရုတ်နိုင်ငံက ပိုက်ဆံချမ်းသာသူတစ်ဦးရဲ့ ဝမ်းနည်းဖွယ်ရာနိဂုံးလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားကြိမ်ဖန်များစွာ ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။ ကြမ်းပြင်တစ်ခုပေါ်မှာ ပိုက်ဆံတွေပျံ့ကြဲနေတဲ့ ဓာတ်ပုံ ၂ ပုံနှင့်အတူ ကင်ဆာလူနာဟာ သူ့ရောဂါဟာ ကုသမရနိုင်တော့ဘူးလို့ ဆရာဝန် ဆီက သိလိုက်ရပြီးနောက်မှာ ပိုက်ဆံတွေဟာ အလကားပဲဆိုပြီတော့ ဆေးရုံကြမ်းပြင်ပေါ်မှာ လွှင့်ပစ်လိုက်တာလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။
“ကျန်းမာရေးဂရုစိုက်ကြပါ 👌👌👌👌
တရုတ်နိုင်ငံကလူနာတယောက် နေမကောင်းလို့
ဆေးရုံလာတယ် ဆရာဝန်ကကင်ဆာဖြစ်နေပါတယ်တဲ့
နောက်ပြီး ကုလို့မရနိုင်တဲ့
ကင်ဆာပါလို့ လူနာကိုပြောလိုက်တယ်
လူနာက အခန်းထဲစိတ်တိုဒေါသ ဖြစ်ခြင်းများနဲ့
ထွက်သွားတယ် ပြီးတော့ ဆေးရုံရဲ့အလယ်မှာ
ငွေတွေဖြန့်ကျဲပြီး အကျယ်ကြီးအော်ပစ်လိုက်တယ်
“ငွေကအရာတိုင်းကို မလုပ်ပေးနိုင်ဘူး
ငါ့ဘဝကိုတောင်မကယ်နိုင်ဘူး
ငါ့ကျန်းမာရေးကိုတောင် အထောက်ကူမပြုနိုင်ဘူး
ငွေက်ိုဘာလို့ အများကြီးရှိနေစရာလိုလဲ
ငွေရှိတော့ကော ပြီးပြည့်စုံနေမှာမှမဟုတ်တာတဲ့ “
အော်င်ိုပလိုက်တယ်
ဒီဖြစ်ရပ်မှန်လေးက
မင်းရင်ထဲကို ဘာတွေထိရောက်သွားလဲ
“တကယ်တော့ ငွေက
အများသူငါပြောသလို ဘုရင်တပါးလား “
ကိုယ့်ဘဝကိုတန်ဖိုးထားပါ ကျန်းမာရေးဂရုစိုက်ကြပါ…♥
Credit Original Writer”လို့ ရေးသားပြီး “Pinky Alice”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇွန် ၂၃ ရက်မှာ အောက်ပါအတိုင်းမျှဝေခဲ့ရာ ဒီပို့စ်ကိုပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁၂၀၀ ဝန်းကျင်ရှိပါတယ်။
မူရင်းလင်ခ့် – FB link | Archive link
ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ပထမဆုံး ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံရဲ့ ပျံ့နှံမှုကို ရှာဖွေကြည့်ရာမှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကတည်းက ဒီအကြောင်းအရာဟာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ဝက်ဘ် ဆိုဒ်တစ်ချို့မှာ တူညီတဲ့ရေးသား မျှဝေထားအကြောင်းအရာတွေ့ရပါတယ်။ တကယ်တော့ အကြောင်းအရာဟာ မမှန်ပါဘူး။
အစောဆုံးပျံ့နှံ့မှုတွေကို ထပ်မံရှာဖွေကြည့်မယ်ဆိုရင် ၂၀၁၄ ခုနှစ်အတွင်း ဗီယက်နမ်သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာ လည်း ဒီတူညီတဲ့ ဓာတ်ပုံကိုတွေ့ရပါတယ်။ သို့သော်အကြောင်း အရာကတော့ မတူပါဘူး။
Google Translate အသုံးပြုပြီး အကြောင်းအရာကို ဘာသာပြန်ဆိုကြည့်ရာမှာ ဒီအကြောင်းအရာဟာ တရုတ် နိုင်ငံက ဟာဘင်ဆေးတက္ကသိုလ်ကင်ဆာဆေးရုံ(Harbin Medical University Cancer Hospital)က အဖြစ် အပျက်တစ်ခုဖြစ်ပြီး သစ္စာဖောက်သွားတဲ့ ရည်းစားကို စိတ်ဆိုးပြီး သူ့ချစ်သူဟောင်းရှိတဲ့ ဆေးရုံကြမ်းပြင်မှာ ပိုက်ဆံတွေကို ကြဲချခဲ့တယ်လို့ ရေးသားပါတယ်။
မူရင်းလင်ခ့် – Vnexpress | Archive link
၂၀၁၄ ခုနှစ် ဇွန် ၃ ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို တရုတ်ဘာသာနဲ့ ဘလော့ဂ်တစ်ချို့မှာလည်း တွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
၂၀၁၄ ခုနှစ်အတွင်းက သစ္စာဖောက်သွားတဲ့ ချစ်သူကို စိတ်ဆိုးပြီး ဆေးရုံးကြမ်းပြင်မှာ ပိုက်ဆံ ကြဲဖြန့်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

Title:Fact Check: ဆေးကုသမရနိုင်တော့တဲ့အဆုံး ကင်ဆာလူနာက ပိုက်ဆံတွေ လွှင့်ပစ်လိုက်တာလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context