Fact Check: တမူးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသုံးပြုပြီး သတင်းမှားဖြန့်

Missing Context လူမှုရေး

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အရပ်ဝတ်နဲ့ ရဲတွေလိုက်ပါတဲ့ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဒီဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေလျှက် ရှိတာတွေ့ရပါတယ်။

 “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင်ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့ အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ဦးမှ့ လက်ရဖမ်းဆီးရရှိ့

၄ဦးသေဆုံး၍ ၁၀ဦး အရှင်ဖမ်းမိ”လို့ရေးသားပြီး “Kyaw Thiha”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်အသုံးပြုသူကနေ ထပ်ပြီးတော့ အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဓာတ်ပုံတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့သို့ ထွက်ခွာလာတဲ့အရပ်ဝတ်ရဲတွေ စီးနင်းလာတဲ့ ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီးဓာတ်ပုံတွေဖြစ်ပါတယ်။ 

Khit Thit Media သတင်းဌာန၊ Mizzima – News in Burmese သတင်းဌာနတို့ ၎င်းတို့ဖေ့စ်ဘွတ်စာမျက်နှာက စတင်ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပြီး ဒီလိုဖြန့်ဝေမှုအပြီး နာရီဝက်ခန့်အကြာမှာ ဒီဓာတ်ပုံတွေကို အသုံးပြုပြီး စစ်တပ်က PDF တွေကိုတိုက်ခိုက်မှုအဖြစ်ရေးသားကာဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ 

https://www.facebook.com/khitthitnews/posts/1403624866741522

မူရင်းလင်ခ့် – Khit Thit Media  |  Archive link 

ဒီသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ CDM ရဲတပ်ဖွဲ့ဝင်များအဖွဲ့အစည်း ဖေ့စ်ဘွတ်စာမျက်နှာ Myanmar Police CDM Channel ကလည်း ဖြစ်စဉ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒီဓာတ်ပုံတွေဟာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုအပြီး ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title: Fact Check: တမူးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသုံးပြုပြီး သတင်းမှားဖြန့်

Fact Check By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *