Fact Check: ပုသိမ်မှာဖမ်းမိတဲ့နတ်ငါးပုံလား-မဟုတ်ပါ

Missing Context လူမှုရေး

ငါးတစ်ကောင်ကို အင်္ကျီအနီရောင်ဝတ်အမျိုးသားတစ်ဦးက ဖက်လျှက်ရိုက်ကူးထားတဲ့ ဓာတ်ပုံနှင့်အတူ ပုသိမ် ရွှေမုဠောဘုရားနားက ဖမ်းမိတဲ့  ဆုတောင်းပြည့်တဲ့နတ်ငါးကြီးဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဏန်းကပြန်လည် မျှဝေလျက်ရှိပါတယ်။

သို့သော်လည်း  အိန္ဒိယနိုင်ငံမှာဖမ်းဆီရမိတဲ့ ငါးတစ်ကောင်ရဲ့ ဓာတ်ပုံဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါ ဘူး။

“ဒီpostကို မြင်ရတာ သင်ကံစကောင်းပါပီ။

ပုသိမ်မြို့ ရွှေမုဠောဘုရားနားက ဖမ်းမိတဲ့  ဆုတောင်းပြည့်တဲ့နတ်ငါးကြီးပါ။ နတ်ငါးကြီးရဲ့ ဆုတောင်းပြည့် ဂါတာက #ဥုံသက္ခဒေမနုတ်တဒဏ္ခနိတဒေဝ ဖြစ်ပါတယ်။”လို့ရေးသားပြီး “Phyu Hannay Soe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၄၀၀ ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုပြီး ဒီငါးပုံကိုရှာဖွေကြည့်ရာမှာ ဓာတ်ပုံကို ၂၀၂၁ခုနှစ် အောက်တိုဘာ ၂၆ ရက်စွဲနဲ့ အိန္ဒိယသတင်းတွေမှာအများအပြားတွေ့ရပါတယ်။

အိန္ဒိယအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ India Times ရဲ့ အောက်တိုဘာ ၂၆ ရက်ကဖော်ပြခဲ့တဲ့ “ဆန္ဒာဘန်စ်(Sunderbans)မြစ်ထဲမှ အလေးချိန် ၇၅ ကီလိုဂရမ်ရှိ “တက်လီယာဘိုလား(Telia Bhola)”အမျိုးအစား ဧရာမငါးကြီးတစ်ကောင်ကို ငါးဖမ်းသမားများဖမ်းမိ၊ တစ် ကီလိုဂရမ်ကို ရူပီ ၅၀၀၀၀ နီးပါးဖြင့်ရောင်းချ”လို့ ခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်း တစ်ပုဒ်မှာ တူညီဓာတ်ပုံကိုအသုံးပြုလျှက် တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် –  India TimesArchive link

ဆန္ဒာဘန်စ်ဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြစ်ဝကျွန်းပေါ်ဒေသက မြစ်ချောင်းတစ်ခုဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ အိန္ဒိယနိုင်ငံ ဆန္ဒာဘန်စ်မြစ်ဝကျွန်းပေါ်ဒေသမှာ ငါးဖမ်း သမားတွေ ဖမ်းဆီးရမိတဲ့ တက်လီယာဘိုလားအမျိုးအစားငါးတစ်ကောင်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:ပုသိမ်မှာဖမ်းမိတဲ့နတ်ငါးပုံလား-မဟုတ်ပါ

Fact Check By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *