Fact Check: မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် PDF တွေတောထဲမှာ ဝတ်ပြုနေပုံ လား-မဟုတ်ပါ

လူမှုရေး

တောထဲရောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘာသာရေး ဝတ်ပြုနေပုံဆိုပြီးတော့ ပျောက်ကျား ဝတ်စုံဝတ်လူငယ် ၄ယောက်ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။

သို့သော်ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာသိမ်းမှုအပြီးမှာ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defense Force-PDF)ဝင်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာ တွေ့ရပါတယ်။  

“တောထဲရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်

 PDF လူငယ်လေးတွေ 

နမာဇ်ဖတ် ဝတ်ပြုဆုတောင်းနေပုံ

Photo : Credit

#SaluteAndRespect

”လို့ရေးသားပြီး “Alvin Thuama Taisun”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၂၈ ရက်က ဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် တစ်ထောင် ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီးမှာ ဒီအာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defense Force-PDF) ကို မေ ၅ရက်မှာ ဖွဲ့စည်း တည်ထောင်လိုက် ကြောင်း ကြေညာခဲ့ပါတယ်။

ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။

“FC Faysal Chowdhury”အမည်နဲ့ယူကျု့အသုံးပြုသူက ၂၀၁၉ ခုနှစ်အောက်တိုဘာ ၃၀ ရက်တင်ထားတဲ့ ဗွီဒီယိုတစ်ခုမှာဒီဓာတ်ပုံကိုအသုံးပြုထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် –  F C Faysal Chowdhury  |  Archive link

ထို့အပြင် မြန်မာနိုင်ငံအပြင်က အစောဆုံး ရေးသားဖြန့်ဝေမှုအဖြစ် “UISLAMU CHAGUO LANGU” အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ဖြန့်ဝေထားတာကို ဒီလင့်ခ်မှာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက အင်တာနက် မှာပျံ့နှံ့လျက်ရှိပြီး PDF တွေဝတ်ပြုဆုတောင်းနေပုံ မဟုတ်တာ တွေ့ရပါတယ်။

ပြောဆိုချက်: ​ အစ္စလာမ်ဘာသာဝင် PDFလေးတွေတောထဲမှာ ဝတ်ပြုနေပုံ

Avatar

Title:Fact Check: မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် PDF တွေတောထဲမှာ ဝတ်ပြုနေပုံ လား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context