
မိုးညှင်းမှာ မိုင်းထိတဲ့ စစ်တပ်ကတင့်ကားပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများ က မျှဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့လျှက်ရှိခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“မိုးညှင်း❗စကစတင့်ကားတစ်စီး
နန်းမားကြီးလမ်းတွင် မိုင်းခွဲခံရပြီး
မှောက်လှန်သွား 🤥✊️ ပျော်လိုက်တာ ကွယ်👏🏻👏🏻👏🏻”လို့ရေးသားပြီး “မိုး မိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ပြီးခဲ့တဲ့ နှစ်များအတွင်းအမြောက်အများ ပျံ့နှံ့လျှက်ရှိခဲ့ တာတွေ့ရပါတယ်။

“Destroyed Tank”အမည်နဲ့ reddit အကောင့်မှာ ဒီဓာတ်ပုံကို ၂၀၁၄ ခုနှစ်က အင်္ဂလိပ်ဘာသာနဲ့ အောက်ပါ အတိုင်း ရေးသားမျှဝေထားပါတယ်။
“လမ်းဘီးများပုံပျက်မှုသည် ဤဂျော်ဂျီယာ T-72 ပျက်စီးသွားစေသော မီး၏ပြင်းထန်မှုကို သက်သေပြသည်။”

မူရင်းလင်ခ့် – Destroyed Tanks | Archive link
မိုးညှင်းမှာ မိုင်းထိတဲ့ တင့်ကားအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ၂၀၁၄ ခုနှစ်အတွင်းက reddit မှာတင်ထားတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ ဂျော်ဂျီယာနိုင်ငံက တင့်ကားတစ်စီးဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:ဒီဓာတ်ပုံက မိုးညှင်းမှာမိုင်းထိတဲ့ တင့်ကားပုံမဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading