Fact Check: မြန်မာလေတပ်တိုက်လေယာဉ်နဲ့ တိုက်မိတဲ့ငှက်လား-မဟုတ်ပါ

Missing Context လူမှုရေး

​လေယာဉ်ကို ဝင်တိုက်ခဲ့တဲ့ PDF ငှက်ဆိုပြီး လေယာဉ်တောင်ပံအောက်ပိုင်းမှာ ညပ်နေတဲ့ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အဓိကအားဖြင့် PDF လို့ခေါ်ဝေါပါတယ်။ 

၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်က ဥကရစ်ထစခန်း အနီးကို ဗုံးကျဲ ပြန်လာသော စစ်တပ်ရဲ့ YAK 130 တိုက်လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်ပြီး သုံးမရသည် အထိပျက်စီး သွားတဲ့သတင်းထွက်ပေါ်အပြီး ဒီဓာတ်ပုံကို ဖြန့်ဝေလာခြင်းဖြစ်ပါတယ်။

“သူပေါ့ PDF ငှက်လေး”လို့ ရေးသားပြီး “Watan Moe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာ နက်မှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။

၂၀၁၉ ခုနှစ် မေ ၂၃ ရက်က Aeroforcetimes အမည်နဲ့ဝက်ဘ်ဆိုဒ်က သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကိုအသုံးပြု ထားတာတွေ့ရပြီး ဓာတ်ပုံစာသားနေရာမှာ “ဧပြီ ၁၇ ရက်က ဟောလိုမန်(Hollowman)လေတပ် အခြေစိုက် စခန်း၌ F-16 တစ်စင်း ဆင်းသက်မှုအတွင်း တိုက်မိခဲ့သော Swainson သိမ်းငှက်ရုပ်ကြွင်းပုံ။ ၁၉၉၅ ခုနှစ် ကတည်းကနေ ငှက်နဲ့ တိုက်မိသည့်အကြိမ်ပေါင်း ၁၀၅,၀၀၀ ကျော်ရှိခဲပြီး လူ ၂၇ ဦး သေဆုံးခဲ့ကာ လေတပ် အတွက် အမေရိကန်ဒေါ်လာ ၈၁၇ သန်းကျော် ကုန်ကျခဲ့သည်။ (လေတပ် amn/nco/snco Facebook စာမျက်နှာ)”လို့ဖော်ပြထားပါတယ်။ 

Hollowman ဟာအမေရိကန်နိုင်ငံ နယူးမက္ကစီကိုမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – AeroforcetimesArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက် မြန်စစ်တပ်တိုက်လေယာဉ် ၁ စင်းမှာ အင်ဂျင်ထဲ ငှက်ဝင်ခဲ့တဲ့သတင်းက မှန်ပေမဲ့ ဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဧပြီ ၁၇ ရက်က အမေရိကန် ဟောလိုမန်လေတပ်အခြေစိုက်စခန်းကို ဆင်းသက်လာစဉ် F-16 လေယာဉ်တစ်စင်း ငှက်နဲ့တိုက်မိတဲ့ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:Fact Check: မြန်မာလေတပ်တိုက်လေယာဉ်နဲ့ တိုက်မိတဲ့ငှက်လား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *