Fact Check: တောင်ငူလေတပ်ထဲကို SU-30 SME အစီးရေ ၃၀ ကျော်ဆင်းတဲ့ပုံလား-မဟုတ်ပါ

Misleading လူမှုရေး

​တောင်ငူလေတပ်ထဲကို ရုရှားလုပ် SU-30 တိုက်လေယာဉ်အစီးရေ ၃၀ ကျော်ဆင်းလာတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများက မျှဝေခဲ့တာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ အပြာရောင်လွှမ်းမိုး တဲ့ တိုက်လေယာဉ် အတော်များများ တန်းစီရပ်ထားတဲ့ မြင်ကွင်းပါတယ်။

သို့သော်လည်း ဓာတ်ပုံဟာ ရုရှားနိုင်ငံထဲက မြင်ကွင်းတစ်ခုသာဖြစ်တာတွေ့ရပါတယ်။

“တပခ. လေတပ်ထဲကို…ည.၉နာရီကတဲ.ဆင်လာတဲ့

SU-30 SME. လေယာဉ်အုပ်စု..အစီး..၃၀.ကျော်နေပြီ

အစီးရေ..၅၀ ဆင်းမယ်တဲ့ရုရှားက..ပို့လာတဲ့ လေယာဉ်တွေ

18-1-22

Sittway Thitsar ….ကရင်ပြည်နယ်

MinThwe

#crd”လို့ရေးသားပြီး “စစ်ပြန် ကို မြင့်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ တပခ ဆိုတာကတော့ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အတိုခေါက်ခေါ်ဆိုတာဖြစ်ပါတယ်။

တူညီတဲ့ရေးသားဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

SU-30 တိုက်လေယာဉ်အမျိုးအစား ၆ စီးရောင်းချဖို့ ရုရှားက မြန်မာစစ်တပ်နဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းမှာ သဘောတူညီချက်ရှိထားပါတယ်။ 

သို့သော်လည်း Google မှာဓာတ်ပုံရှာဖွေနည်းအသုံးပြုပြီး ဒီဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ရုရှားကာကွယ် ရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က မျှဝေထားတဲ့ ဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီဓာတ်ပုံအပါအဝင် ဓာတ်ပုံ ၈ ပုံကို အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ 

ဖေ့စ်ဘွတ်ရဲ့ အလိုအလျှောက်ဘာသာပြန်ဆိုမှုကို အသုံးပြုပြီး မူရင်း ရုရှားဘာသာကနေ အင်္ဂလိပ်ဘာသာပြန် ဆိုကြည့်ရာမှာ ” ဗာရွန်(Voronezh)မြို့ ဘာတီမော(Baltimor) လေတပ်စခန်းဌာနချုပ်မှာ အနောက်ပိုင်းခရိုင် ဗုံးကြဲလေယာဉ်တပ်ရင်းက လေတပ်စစ်သည်တွေဟာ လေယာဉ်စမ်းသပ်ပျံ့မှုလေ့ကျင့်ရေးဆောင်ရွက်ခဲ့ကြသည်”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Минобороны России   |  Archive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန မျှဝေထားတဲ့ ဘာတီမော လေတပ်စခန်းက ဓာတ်ပုံဖြစ်တယ်။

Avatar

Title:Fact Check: တောင်ငူလေတပ်ထဲကို SU-30 SME အစီးရေ ၃၀ ကျော်ဆင်းတဲ့ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *