Fact Check: ငလျင်ကြောင့် တူရကီကမ်းခြေကို ဆူနာမီလှိုင်းတွေဝင်ရောက်လာပုံလား-မဟုတ်ပါ

Uncategorized နိုင်ငံတကာ၊ | International

တူရကီမှာ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိခိုက်သေဆုံးမှုတွေအများအပြား ရှိတဲ့ သတင်းတွေ ပျံ့နှံ့လာချိန်မှာ တူရကီနိုင်ငံက ကမ်းခြေတစ်ခုကို ဆူနာမီရေလှိုင်းတွေ ဝင်ရောက်လာတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ကမ်းခြေတစ်ခုမှာ အပန်းဖြေသူ တွေနဲ့ စည်ကား နေစဉ်မှာပဲ ရေလှိုင်းတွေက ဝင်ရောက်လာခဲ့တာကို ဗွီဒီယို ထဲမှာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၇ ခုနှစ်က တောင်အာဖရိက ဒပ်ဗန်(Durban)ကမ်းခြေကို အသေးစားဆူနာမီလှိုင်းဝင်ရောက်ခဲ့ မှုဖြစ်စဉ် မှတ်တမ်းဖြစ်ပါတယ်။ 

“ယနေ့ တူရကီ (6.2.2023)”လို့ ရေးသားပြီး “Ba Maung” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါမြင်ကွင်းအချို့ကို screenshot ရယူပြီး Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တူရကီ ငလျင်မတိုင်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျှက်ရှိတာအောက်ပါအတိုင်း တွေ့ရပါတယ်။

ဗွီဒီယိုဟာ မုန်တိုင်းကြောင့် ၂၀၁၇ ခုနှစ် မတ် ၁၂ ရက်က ဒပ်ဗန်(Durban)ကမ်းခြေကို ဝင်ရောက်လာတဲ့ အသေးစား ဆူနာမီလှိုင်းလုံး တွေဖြစ်ပါတယ်။ တောင်အာဖရိကအခြေစိုက် Expresso Show ယူကျူ့ချန်နယ်မှာ ၂၀၁၇ ခုနှစ် မတ် ၁၄ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

Sun Newspapers အမည်နဲ့ အခြားသော ယူကျူ့ချန်နယ်တစ်ခုမှာလည်း ၂၀၁၇ ခုနှစ် မတ် ၁၂ ရက်စွဲနဲ့ ဒီအဖြစ်အပျက်ကိုဖော်ပြထားတာတွေ့ရပါတယ်။

တူညီတဲ့ဗွီဒီယိုကို အခြားသောအကြောင်းအရာမှားလည်းနဲ့ ပြီးခဲ့တဲ့ နှစ်ထဲမှာလည်း ပျံ့နှံ့ခဲ့ဖူးပြီး အိန္ဒိယ အခြေစိုက်သတင်းဌာနက အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဗွီဒီယိုဟာ အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ အနည်းဆုံး ၅ ကျော်ခဲ့ပြီဖြစ် တာတွေ့ရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီမှာဖြစ်ခဲ့တဲ့ ငလျင်နဲ့ မသက်ဆိုင်သလို တူရကီနိုင်ငံ မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်လည်း မဟုတ်ပါဘူး။ပြောဆိုချက် – ဖေဖော်ဝါရီ ၆ ရက်နေ့ တူရကီမှာ ငလျင်ကြောင့် ဆူနာမီဝင်ရောက်မှု ဗွီဒွီယို

Avatar

Title:Fact Check: ငလျင်ကြောင့် တူရကီကမ်းခြေကို ဆူနာမီလှိုင်းတွေဝင်ရောက်လာပုံလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *