Fact Check: မိမိ​ဖေ့စ်ဘွတ်အကောင့်ကို ဘယ်သူဝင်ကြည့်သလဲဆိုတာ မသိနိုင်ပါ

False လူမှုရေး

မိမိအကောင့်ထဲကို ဘယ်သူတွေ လာသွားလဲဆိုတာ ဖေ့စ်ဘွတ်ကို အဆင့်မြှင့်ခြင်းအားဖြင့်သိနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။

“ကိုယ့်အကောင့်ထဲကို ဘယ်သူတွေ လာသြားလဲဆိုတာ 

ကိုကြည့်နိုင်ဖို့ဆို 😊

ပထမဆုံး မိမိအကောင့်ကို profile page ( professional mode)  ပုံစံအရင်ပြောင်းထားရပါမယ်။

(ပြောင်းနည်းကို ရှေ့မှာ တင်ပေးထားပြီး ဖြစ်ပါတယ်)

(professional mode မပေါ်ရင်က fb ကို uptade တင်ပါ)

 profile page ပုံစံပြောင်းပြီးမှသာ နောက်ပိုင်း ဘယ်သူတွေ ကိုယ့်အကောင့်ထဲ လာကြည့်လဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

(အရင်က လာကြည့်သူတွေ မြင်ရမှာ မဟုတ်ပါဘူး) 

တပုံချင်းစီလေ့လာနိုင်ပါတယ်။

Facebook New Version – https://bit.ly/3tVxeF2

တခြားသူတွေလည်း သိအောင်ပြန်လည်မျှဝေစေလိုပါတယ်…”လို့ ရေးသားပြီး “Fb နည်းပညာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

တစ်ယောက်ယောက်က အခြားတစ်ယောက်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ကြည့်ခဲ့တာကို အသိပေးမှာ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်က သူတို့ရဲ့ဝက်ဘ်ဆိုဒ်မှာ အတည်ပြုထားပါတယ်။ အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်ရဲ့ တရားဝင်ထုတ်ပြန်ချက်ဖြစ်ပါတယ်။ 

“Facebook သည် ၎င်းတို့၏ ပရိုဖိုင်ကို ကြည့်ရှုသူများကို ခြေရာခံခွင့်မပြုပါ။ ပြင်ပအက်ပ်များသည်လည်း ဤလုပ်ဆောင်ချက်ကို မပေးနိုင်ပါ။ ဤစွမ်းရည်ကို ပေးဆောင်ရန် တောင်းဆိုသော အက်ပ်တစ်ခုကို သင်တွေ့ပါက ကျေးဇူးပြု၍ အက်ပ်ကို သတင်းပို့ပါ။”

မူရင်းလင်ခ့် – FacebookArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဖေ့စ်ဘွတ်ဟာ သူတို့ကိုယ်တိုင်ကလည်း အကောင့်တစ်ခုကို ဘယ်သူဝင်ကြည့် သလဲဆိုတဲ့ လုပ်ဆောင်ချက်ထည့်မထားသလို အခြားသောအဖွဲ့အစည်းတွေကိုလည်း လုပ်ခွင့်ပေးမထားပါဘူး။ သို့ဖြစ်ရာ ကိုယ့်အကောင့်ထဲကို ဘယ်သူတွေ လာသွားကြည့်သလဲ သိနိုင်တယ်ဆိုတာ နားလည်မှုလွဲမှားစေတဲ့ မှားယွင်းတဲ့ပြောဆိုမှုသာဖြစ်ပြီး ဒီလိုပြောဆိုထားတဲ့ ပို့စ်တွေကို မယုံကြည်ကြဖို့ Fact Crescendo Myanmar က တိုက်တွန်းပါတယ်။

Avatar

Title:Fact Check: မိမိ​ဖေ့စ်ဘွတ်အကောင့်ကို ဘယ်သူဝင်ကြည့်သလဲဆိုတာ မသိနိုင်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *