သရုပ်ဆောင်မြင့်မြတ်က အိုင်ဖုန်း ၁၅ လုံး၊ ဟွန်ဒါဖစ် ၃ စီးမဲဖောက်ပေးမယ်ဆိုတဲ့ သတင်းတု

လူမှုရေး၊ အနုပညာ

“ပရိသက်ကြီးရေ….ဘာလိုလိုနဲ့…မင်္ဂလာသတ်တမ်း ၅နှစ်တောင်ပြည့်ပါတော့မယ်။ ၁၀နှစ်တာအားပေးလာ ကြတဲ့ပရိသက်ကြီးကိုကျေးဇူးတုံ့ပြန်ချင်လို့ ရရှိတဲ့အနုပညာကြေးလေးနဲ့ကံစမ်းမဲလေးတွေ တတ်နိုငိသလောက် ဖောက်ပေးချင်ပါတယ်ခင်ဗျာ။အိုင်ဖုန်း၁၅လုံးနဲ့ဟွန်ဒါဖစ်၃စီးမဲဖောက်ပေးမှာဖြစ်ပါတယ်။ကံစမ်းရမဲ့စည်းကမ်းချက်လေးတွေကတော့…….။၁။ အရင်ဆုံးကျွန်တော့်ရဲ့ဒီPageလေးကိုLikeလုပ်ရပါမယ်ခင်ဗျာ။၂။ ဒီပို့စ်ရဲ့အောက်မှာ မိမိတို့အမြဲကိုင်တဲ့ဖုန်းနံပါတ်လေးမန့်ပေးရပါမယ်ခင်ဗျာ။ ၃။ ဒီပို့စ်လေးကို Share လုပ်သွားပေးရပါမယ်ခင်ဗျာ။ စည်းကမ်းချက်သုံးချက်နဲ့ညီတဲ့ကံစမ်းသူကိုသာထည့်သွင်းစဥ်းစားသွားမှာဖြစ်ပြီးကံစမ်းမဲပေါက်သူကိုတော့ ကိုမြင့်မြတ်ကိုယ်တိုင် မေလ၁၅ ရက်နေ့မှာဖုန်းဆက်အကြောင်းကြားပေးသွားမှာလည်းဖြစ်ပါတယ်။ အားလုံး ပဲချစ်ရတဲ့ပရိသက်ကြီးကံကောင်းနိုင်ကြပါစေခင်ဗျာ”ဆိုပြီးတော့ “Myint Myat Fan” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမျှဝေခဲ့ရာမှာ ပြီးခဲ့တဲ့ ၁၉ နာရီအတွင်း လူမှုကွန်ယက်သုံးစွဲသူ ၉ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့ပြီး လူပေါင်း ၅ သိန်းကျော်ဆီကို ဒီပို့စ်က ပျံ့နှံ့သွားခဲ့ပါတယ်။ လူမှုကွန်ယက်သုံးစွဲသူတွေက သူတို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း မှတ်ချက်ရေးခဲ့ကြတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

“ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှတင်ထားတာမရှိဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒီအစီအစဉ်လုပ်ထားတာ မရှိ ဘူး။ မမှန်ဘူး”လို့ သရုပ်ဆောင်မြင့်မြတ်ရဲ့ မန်နေဂျာအဖြစ်ဆောင်ရွက်နေတဲ့ ကိုဟိန်းက Fact Crescendo Myanmar ကို အတည်ပြုပါတယ်။ သရုပ်ဆောင် မြင့်မြတ်နာမည်နဲ့ ပုံတွေကို အသုံးပြုပြီး အကောင့်စာမျက်နှာ တုတွေ အမြောက်အများရှိနေတယ်လို့ သတိထားကြဖို့လည်း ကိုဟိန်းကပြောပါတယ်။

“တော်တော်များများကလေ မြင့်မြတ်နာမည်နဲ့အကောင့်တုတွေက တစ်ပုံကြီးဖြစ်နေတာ။ ကျွန်တော်တို့လည်း စာပို့ တယ်ပြုတယ်။ ဒါပေမဲ့ မရဘူးပေါ့နော်။ အပြင်မှာပြောဖို့လည်း ချိန်းကြည့်တယ်။ သူတို့က လည်တယ်။ တချို့အကောင့်တွေဆိုရင် မြင့်မြတ်က လှူတယ်ပြုတယ်။ အလှူငွေလှူပေးပါ ဘာညာ အဲလိုမျိုးတွေ လိုက်လိမ်တဲ့ဟာမျိုးတွေလည်းရှိတယ်”လို့ ကိုဟိန်းကပြောပါတယ်။

သရုပ်ဆောင်မြင့်မြတ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး တင်ဆက်ပေးနေတဲ့ တရားဝင်အကောင့်မှာ လည်း ဒီသတင်းကို မတွေ့ရပါဘူး။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

Myint Myat

သုံးသက်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ သရုပ်ဆောင်မြင့်မြတ်က အိမ်ထောင်သက် ၅ နှစ်ပြည့်နဲ့သရုပ်ဆောင် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ အိုင်ဖုန်း၁၅လုံးနဲ့ဟွန်ဒါဖစ်၃စီးမဲဖောက်ပေးမယ်ဆိုတဲ့ သတင်းဟာ သတင်းတု သတင်းမှားဖြစ်ပါတယ်။

Avatar

Title:သရုပ်ဆောင်မြင့်မြတ်က အိုင်ဖုန်း ၁၅ လုံး၊ ဟွန်ဒါဖစ် ၃ စီးမဲဖောက်ပေးမယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *