Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ဘုန်ကြီးဝတ် ပျူစောထီး‌ခေါင်းဆောင် ဦးဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကိုဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းမှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုမှာ “ဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကို ဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ MyanmarHot News အမည်နဲ့ ယူကျူ့ချန်နယ်က ၁၈ ရက်က ဗွီဒီယိုကို ဖြန့်ဝေထားပုံဖြစ်ပါတယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ၁၇၀၀၀ ကျော်က ကြည့်ရှု့ထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်လေ့လာကြည့်ရာမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ “ကနီမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၇ ရက်တာ ခုခံတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်ကြောင်းမှူးတစ်ဦး အပါအဝင် သေဆုံးမှု များပြား ၊ PDF ၃ ဦးကျဆုံး”ဆိုတဲ့ သတင်းကို မျှဝေနေခြင်းဖြစ်တယ်။ ထို့အပြင် နောက်ထပ်သတင်းတစ်ပုဒ်ကလည်း ရန်ုကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ မုံရွာမှာ စစ်တပ်တပ်စွဲထားသောနေရာ နဲ့ လှည့်ကင်းကားကိုတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးတဲ့ သတင်းသာဖြစ်တယ်။ မူလသတင်းဖော်ပြချက်အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link

သုံးသပ်ချက်

အခုဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ယူကျူ့အကောင့်တွေကို ကြည့်မယ်ဆိုရင် သတင်း မီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို လူစိတ်ဝင်စားဖွယ် ခေါင်းစဉ်အတု၊ ခေါင်းစဉ်လွဲတွေတပ်ပြီး ကြည့်ရှူ့မှုနှုန်းများ အောင်လုပ်နေတဲ့စာမျက်နှာတွေဖြစ်တာတွေ့ရပါတယ်။

ပြောဆိုချက်- ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံး

Avatar

Title:Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *