
အကယ်ဒမီဆုပေးပွဲအထိမ်းအမှတ်အဖြစ် Facebook နဲ့ B.N.O Fashion က ဖုန်းဘေလ် ၁၀၀၀ ကျပ်စီပေး မယ်ဆိုတဲ့ မက်ဆေ့စာသားတစ်ခု Facebook Messenger အသုံးပြုသူတွေအကြားမှာ ပျံ့နှံလျက်ရှိ တာတွေ့ရပါတယ်။
Fact Crescendo Myanmar ရဲ့ Viber ဖုန်းနံပါတ်ကို မျှဝေလာတဲ့ screenshot စာသားအပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်
B.N.O Fashion ဖေ့စ်ဘွတ်စာမျက်နှာက ဒီလိုပျံ့နှံ့နေတဲ့ စာသားမက်ဆေ့နဲ့ ပတ်သက်ပြီး တာဝန်မယူအကြောင်း နဲ့ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုတဲ့အတွက် ရေးသားထားတဲ့ လိမ်ညာ မှုတစ် ခုဖြစ်ကြောင်း ရှင်းလင်းထားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း သူတို့နဲ့မသက်ဆိုင်ကြောင်း ငြင်းဆို ထားတဲ့ screeshot တစ်ခုပါ ပူးတွဲတင်ခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ အကယ်ဒမီဆုပေးပွဲအထိမ်းအမှတ်အဖြစ် Facebook နဲ့ B.N.O Fashion က ဖုန်းဘေလ် ၁၀၀၀ ကျပ်စီပေးမယ်ဆိုတဲ့ သတင်းတုသတင်းမှားသာ ဖြစ်ပါတယ်။

Title:အကယ်ဒမီဆုပေးပွဲအထိမ်းအမှတ်အဖြစ် Facebook နဲ့ B.N.O Fashion က ဖုန်းဘေလ် ၁၀၀၀ ကျပ်စီပေးမယ်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False