ဆယ်တန်းအောင်စာရင်း 2-7-2020 ထွက်မယ်ဆိုတာမဟုတ်ပါ

False လူမှုရေး

COVID-19 ကပ်ရောဂါကြောင့် ဒီနှစ်တက္ကသိုလ်အပါအဝင် အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး မရေရာမှုတွေရှိခဲ့သလို စာမေးပွဲအောင်စာရင်ထွက်ရက် မရေရာမှုတွေ ရှိခဲ့ပါတယ်။

“10 တန်းအောင်စာရင်း 2-7-2020 ထွက်ပါမည် အများသိအောင်shareလိုက်ပါ”ဆိုပြီး “သတင်း စုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကမျှဝေထားပါတယ်။ မေ ၁၅ ရက်မျှဝေထားတဲ့ ဒီသတင်းကို လူမှုကွန်ယက်သုံးစွဲသူ  ၄ သောင်းကျော်က ပြန်လည်မျှဝေခဲ့ပြီးဖြစ်သလို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ  ၈ ထောင်ကျော် ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ၄ နှစ်မြောက် ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို သြဂုတ်လထဲမှာ ထုတ်ပြန် ကြေညာသွားမယ်နိုင်ဖို့ မျှော်လင့်ထားတယ် လို့ပြောကြားခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Eleven 

COVID-19 ကပ်ရောထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာ မေးပွဲအဖြေလွှာ စစ်သည့် လုပ်ငန်းကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းထားရတာတွေ့ရပြီး ဒီလိုရပ်ဆိုင်းခဲ့ရတာကြောင့် အောင်စာရင်းကို အစော ဆုံး ဇူလိုင်လလယ်မှသာအစောဆုံးထုတ်ပြန်နိုင်မယ်လို့ မေ ၁၅ ရက်ကတည်းက အခြေခံပညာဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက 7day သတင်းဌာနကို ပြောကြားခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

7day


သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “10 တန်းအောင်စာရင်း 2-7-2020 ထွက်ပါမည် အများသိအောင် shareလိုက်ပါ”ဆိုပြီး “သတင်း စုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မေ ၁၅ ရက်မျှဝေထားတဲ့သတင်းကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:ဆယ်တန်းအောင်စာရင်း 2-7-2020 ထွက်မယ်ဆိုတာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *