
မေ ၁၆ နဲ့ ၁၇ မှာ မုန်တိုင်းကြီး ဝင်တော့မယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိတာဟာ သတင်းမှားတခုသာဖြစ်တယ်။
ဒီလိုပြောဆိုထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။
“ည ၁၀ နာရီ မုန်တိုင်းသတင်းထူး မေလ ၁၆-၁၇ တကယ်မုန်တိုင်းစဝင်တော့မယ်စုစုစံကြေညာ”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မြန်မာနိုင်ငံကို မေ ၁၆-၁၇ ရက်အတွင်း မုန်းတိုင်ကြီး စဝင်တော့မယ်ဆိုတဲ့ ဒီသတင်းဖော်ပြချက်မျိုးမရှိ ယုံကြည့် ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့တရားဝင် မိုးလေဝသအေဂျင်စီတွေက ဖော်ပြချက်မတွေ့ရပါဘူး။ တကယ်တမ်း အခု ဖြန့်ဝေနေတဲ့ ပို့စ်မှာပြောထားသလိုပဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မိုးလေဝသခန့်မှန်းချက်တွေ ဖေ့စ်ဘွတ်ပေါ်ကနေ ပုံမှန်ဖြန့်ဝေလေ့ရှိတဲ့ “Su Su San”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မုန်တိုင်းသတင်း ဖော်ပြထားပေမဲ့ မေ ၁၆ ရက်နဲ့ ၁၇ ရက်အတွင်း ဝင်ရောက်လာမယ်ဆိုတဲ့ ဖော်ပြချက်မပါရှိပါဘူး။ အောက်ပါစာသားကတော့ အဲဒီဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြချက်ဖြစ်တယ်။ စခရင်ရှော့ဓာတ်ပုံကိုလည်း ကြည့်ပါ။ (ဒီလင့်ခ်မှာလည်း ကြည့်နိုင်ပါတယ်)။ မေ ၁၂ ရက်မှာဖော်ပြခဲ့တဲ့ ဒီဖော်ပြချက်ဟာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်တယ်ဆိုပြီး ဒီဖေ့စ်ဘွတ်စာမျက်နှာက ပထမဆုံးဖော်ပြချက်လည်းဖြစ်တယ်။
“Rumal Cyclone
၂၀၂၄ မေလ ၁၈ရက်နေ့မှ ၂၈ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်တွင်ဆိုင်ကလုံးမုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီး ၂၂ရက်နေ့နှင့် ၂၃ရက်နေ့တို့တွင် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းပင်လယ်ကမ်းခြေအနီးကိုချဥ်းကပ်ရောက်ရှိလာနိုင်တဲ့အလားအလာရှိလို့အထူးသတိထားစောင့်ကြည့်ထောက်လှမ်းနေပါတယ် ယနေ့အချိန်အထိ ဘင်္ဂလားပင်လယ်အော်မှာတော့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာခြင်းမရှိသေးပဲ Low pressure cell များစုဖွဲမှုတော့စတင်နေပြီဖြစ်ပါတယ်
ISSUED TIME
12/05/2024 5:40am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚”

အဲဒီနောက်ပိုင်း ဒီမုန်တိုင်းအဖြစ် ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်တွေမှာကိုလည် ဒီစာမျက်နှာက ဆက်တိုက် ဖော်ပြနေပေမဲ့ မေ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ဝင်ရောက်နိုင်တယ်ဆိုတဲ့ ဖော်ပြချက်မပါရှိဘဲ မေ ၁၅ရက်က ခန့်မှန်းချက်မှာတော့ မေလနောက်ဆုံးအပတ်မှာ Rumal မုန်တိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတဝိုင်းကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
မြန်မာနိုင်ငံကို မုန်တိုင်းစဝင်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တချို့ရှိပေမဲ့ စောင့်ကြည့်နေဆဲအဆင့်မှာသာရှိနေပြီး သေချာတဲ့ အခြေအနေမရှိသေးပါဘူး။ ဒီအပြင် မုန်တိုင်းဝင်ရောက်လာနိုင်တဲ့အခြေအနေဟာ မေလ နောက်ဆုံးအပတ်(မေ ၂၅ ရက်နောက်ပိုင်း)မှာသာဖြစ်နိုင်ပါတယ်။ မေ ၁၆ ရက်နဲ့ ၁၇ ရက်မှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- မေ ၁၆-၁၇ မှာ မြန်မာနိုင်ငံကို မုန်တိုင်းကြီး ဝင်တော့မယ်
 
					  Title:Fact Check: မေ ၁၆-၁၇ မှာ မုန်တိုင်းကြီး ဝင်တော့မယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား
Fact Check By: Zun ZeeResult: False


 
	 
						 
						