Fact Check: မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်တွေနဲ့ 

မအလရဲ့ စစ်ခွေးတွေကို 

KIA က ရှယ်တီးလိုက်လို့ 

အလောင်းတွေ ဧရာဝတီမြစ်ထဲ ရာချီမျောကုန်ပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို မျှဝေ ထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေ သို့မဟုတ် သတင်းတု ရေးသားဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ People’s Spring သတင်းဌာနပါ “စစ်​ကောင်စီ၏ မြစ်ဆုံစီမံကိန်း ပြန်စရန်​သွေးတိုးစမ်းမှု  တရုတ်အကူ အညီဖြင့် နိုင်ငံ​ရေးထွက်​ပေါက်ရရန်ကြိုးစားခြင်းဟု ​လေ့လာသူများ သုံးသပ်”ဆိုတဲ့ သတင်းနဲ့ အခြားသော သတင်းအကြောင်းအရာတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ ရွေး​ကောက်ခံအရပ်သားအစိုးရကို အာဏာသိမ်း နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ထားသူဖြစ်လို့ အိမ်နီးချင်းနိုင်ငံတွေက တရားဝင်အသိအမှတ်ပြု ဆက်ဆံမှု မခံရကြောင်းနဲ့ KIA  ဦးဆောင်တဲ့ မတ် ၇ ရက်က စတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးကြောင့် ကချင်ပြည်နယ်မှာ စစ်စခန်းအများအပြားကို လက်လွတ်ရချိန်မှာ စစ်ကောင်စီက မြစ်ဆုံစီမံကိန်းကို တက်သုတ်ရိုက်စီစဉ်လာခြင်းဖြစ်ကြောင်းနဲ့ ဒီအချက်ဟာ စစ်ကောင်စီက တရုတ်ကို အကျိုးစီးပွားပေးကာ မက်လုံးပေးပြီး ကချင်မှာ စစ်ပွဲရပ်အောင် တရုတ်က ဟန့်တားစေလို ခြင်းဖြစ်တယ် စသည်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ချက်ကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တ်။

သုံးသပ်ချက်

စစ်ကောင်စီက မြစ်ဆုံစီမံကိန်း ပြန်စဖို့ကြေညာချက်ဟာ လူထုကို သွေးတိုးစမ်းပြီး တရုတ်ကို အကျိုးစီးပွားနဲ့ စည်းရုံးပြီး နိုင်ငံရေးထွက်ပေါက်ရရန်ကြိုးစားခြင်းဖြစ်တယ်ဆိုတဲ့ People’s Spring ကသတင်းကို  လိုအပ်သလို ခေါင်းစဉ်တုတပ် ထားခြင်းဖြစ်တယ်။ မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံး

Avatar

Title:Fact Check: မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *