Fact Check: AA က ရေတပ်ပိုင်ဆိုင်နေပြီဆိုတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ

False နိုင်ငံ‌ရေး

ရခိုင်တပ်တော်(AA)က ပင်လယ်ပြင် ကင်းလှည့်ရေယာဉ်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုထားပြီး ရခိုင်တပ်တော် အလံနဲ့ ကင်းလှည့်ရေယာဉ်တစီးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ မူလ အီရန်ကမ်းစောင့်တပ်အလံကို ပြုပြင်ထားတဲ့ ဓာတ်ပုံပို့စ်တခုဖြစ်တာတွေ့ရတယ်။ 

အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“ရခိုင်တပ်တော် နေဗီးအသုံးပြုနေပြီ”

C:\Users\User\Downloads\Untitled design (7).jpg

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက

ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရမှာ ဒီဓာတ်ပုံဟာ အရှေ့အလယ်ပိုင်းက အီရန်နိုင်ငံအကြောင်းဖော်ပြတဲ့ သတင်းတွေမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အသုံးပြုထား တာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းက အမေရိကန်အသံ(Voice of America)ကဖော်ပြခဲ့တဲ့ သတင်းတွေမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။

ဓာတ်ပုံရဲ့စာသားကတော့ “၂၀၁၉၊ ဩဂုတ် ၂၂ ရက်က ပါရှားပင်လယ် ကွေ့ တနေရာတွင် တွေ့ရသော အီရန်နိုင်ငံ တော်လှန်ရေး ကမ်းစောင့်တပ် ရေယာဉ်တစီးတွေ့ရစဉ်”ဖြစ်တယ်။

C:\Users\User\Downloads\Untitled design (8).jpg

မူရင်းလင်ခ့် – VOA | Archive link

မူလ အီရန်နိုင်ငံ ကမ်းစောင့်တပ်ရဲ့ ကင်းလှည့်ရေယာဉ်တစီးမှာ အီရန်အလံတပ်ဆင်ထားတဲ့နေရာကို ပြုပြင်ပြီး AA အလံကို ထည့်သွင်းထားခြင်းဖြစ်တာတွေ့ရတယ်။ AA အလံနဲ့ ကင်းလှည့်ရေယာဉ်ပုံ(ဘယ်)နဲ့ အီရန်ကမ်းစောင့်တပ် အလံနဲ့ ကင်းလှည့်ရေယာဉ်ပုံ(ညာ)တို့ကို နှိုင်းယှဉ်ထားပုံကို အောက်မှာ ကြည့်ပါ။

C:\Users\User\Downloads\Untitled design (9).jpg

သုံးသပ်ချက်ဓာတ်ပုံဟာ AA အနေနဲ့ ရခိုင်ပြည်နယ်မှာ အခုလို နယ်မြေကျယ်ကျယ်ပြန့်ပြန့်မစိုးမိုးခင်အချိန်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးလည်းဖြစ်တယ်။ ဒီအပြင် အရှေ့အလယ်ပိုင်းက အီရန်နိုင်ငံ ကမ်းစောင့်တပ် အလံနေရာမှာ AA အလံပြုပြင်ပြောင်းလဲထားခြင်းဖြစ်တာလည်းတွေ့ရပါတယ်။

Avatar

Title:Fact Check: AA က ရေတပ်ပိုင်ဆိုင်နေပြီဆိုတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ

Written By: နေရာမောင်  

Result: False