Fact Check: စစ်မှုထမ်းဥပဒေ တရားဝင်ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီလို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းတု ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ 

ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၂ ဒသမ ၂ သိန်းရရှိထားတယ်။ 

“လူငယ်တွေပြေးစရာမလိုတော့ဘူး

စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ပြီ

စစ်ရုံးပြီလို့ဝန်ခံ/ အမြန်နား‌ထောင်ပေးကြပါ”

C:\Users\User\Downloads\Firefox_Screenshot_2024-12-28T08-57-01.804Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံပြောဆိုချက်တွေနဲ့ ရောနှောဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာ‌ဖော်ပြခဲ့တဲ့အကြောင်းအရာဟာ “ရန်ကုန်တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှု များပြားလာနေပြီး ရဲများကိုပါ တပ်သားသစ် ရှာဖွေ ဖမ်းဆီးခိုင်းနေ”ဆိုတဲ့သတင်းပြန် လည်မျှဝေထားပါတယ်။  ဗွီဒီယိုအစမှာတော့ ဒီလို ဖမ်းဆီးမှုများကြောင့် စစ်တပ်က ဒီဥပဒေကို ရုတ်သိမ်းလိုက်တယ်လို့ဖော်ပြချက်ဟာ လုပ်ကြံပြောဆိုချက်သာဖြစ်ပြီး ဒီ Star Vibes ချန်နယ်က ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ကူးယူဖော်ပြခဲ့တဲ့ မူလ ရန်ကုန်ခေတ်သစ်မီဒီယာမှာဖော်ပြချက်မပါရှိပါဘူး။

သုံးသပ်ချက်

“Star Vibes”ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ စစ်တပ်က ၄င်းတို့ စိုးမိုးနယ်မြေတွေမှာ စစ်သားစုဆောင်းမှုအကြီး အကျယ်လုပ်ဆောင်နေ တဲ့အကြောင်း မီဒီယာတခုက သတင်းဖော်ပြချက်ကို လိုအပ်သလို လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ အမှန်တကယ်မှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းခြင်းမရှိဘဲ စစ်သားသစ်အတွက် အပူတပြင်း ဖမ်းဆီးခေါ်ဆောင်မှု တွေ လုပ်ဆောင်နေတာဖြစ်တယ်။

ပြောဆိုချက်- စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီ

Avatar

Title:Fact Check: စစ်မှုထမ်းဥပဒေ တရားဝင်ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *