
COVID-19 ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေကြောင့် ရပ်နားခဲ့ရတဲ့ လုပ်ငန်း တွေထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာစစ်ဆေးမှုလည်းပါဝင်ပြီး အောင်စာရင်းထွက်မယ်ရက်မှာလည်း မရေရာမှုတွေ ရှိခဲ့ပါတယ်။
“ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများသည် ဇူလိုင်လ(၁၈)ရက်နေ့ တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်သည်”ဆိုပြီး “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇူလိုင် ၁၂ က မျှဝေ ထားပါတယ်။ ဒီ “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ၂၀၂၀ ဆယ်တန်းအောင်စာရင်း ထွက်မယ့်ရက်ဖော်ပြခဲ့တဲ့ပို့စ်ဟာ ဇွန်လထဲမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

အချက်အလက်စိစစ်ချက်
ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ၄ နှစ်မြောက် ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို သြဂုတ်လထဲမှာ ထုတ်ပြန် ကြေညာသွားမယ်နိုင်ဖို့ မျှော်လင့်ထားတယ် လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများသည် ဇူလိုင်လ(၁၈)ရက်နေ့တွင် ထုတ်ပြန်ကြေငြာမယ်လို့ ရေးသားထားပေမဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်လို့ ရေးသားထားပေမဲ့ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်မှာ ဒီလိုထုတ်ပြန်ထားတာမတွေ့ရှိရပါဘူး။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မသေချာမရေရာမှုများကို အခွင့်ကောင်းယူပြီး ဆယ်တန်းအောင်စာရင်း ထွက်မယ့်ရက်နဲ့ပတ်သက်ပြီး မေလဝန်းကျင်ကတည်း သတင်းမှားတွေ မကြာခဏဆိုသလိုထွက်ပေါ်ခဲ့ပါတယ်။ ဆယ်တန်းအောင်စာရင်း 2-7-2020 ထွက်မယ်ဆိုပြီး ပျံ့နှံ့ခဲ့တဲ့ ပို့စ်နဲ့ပတ်သက်ပြီး ဇွန် ၂၆ ရက်က Fact Crescendo Myanmar က ဒီအချက်အလက်ဟာ မဟုတ်ကြောင်း အချက်အလက်စိစစ်ခဲ့ဘူးပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇူလိုင်လ(၁၈)ရက်နေ့တွင် ထုတ်ပြန်မယ်ဆိုတဲ့ အချက်အလက်ဟာ အချက်အလက်မှားဖြစ်ပါတယ်။

Title:ဆယ်တန်းအောင်စာရင်း ထွက်မယ်ရက်နဲ့ပတ်သက်တဲ့ သတင်းမှားများ
Fact Check By: Nayar MaungResult: False