Fact Check: ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုတဲ့ သတင်းတု 

နိုင်ငံရေး | Politics

ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုပြီး ‌ပြောဆိုချက်နဲ့ ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။

Celebrity Online News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေထားတဲ့ ပို့စ်ကို အောက်မှာ ကြည့်ပါ။ 

“ဗိုလ်နဂါး လက်နက်ချ အညံ့ခံ အဖမ်းခံတော့မယ်တဲ့”

Original link | Archive link

အလားတူတဲ့ပြောဆိုမှုနဲ့ ဗွီဒီယိုကို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေခဲ့ရာမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းဝန်းကျင်ရရှိခဲ့တယ်။

C:\Users\User\Downloads\Firefox_Screenshot_2025-08-22T13-34-19.198Z.png

အချက်အလက်စိစစ်ချက်

ဗွီဒီယို ဖြန့်ဝေထားတဲ့ “Local ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား‌ပြောဆိုချက်တွေကို ဖြန့်ချိတာ လုပ်တဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့တာကို  ဒီလင့်ခ်မှာကြည့်ပါ။ 

ဒီလိုပဲ ဗိုလ်နဂါး လက်နက်ချ အညံ့ခံတော့မယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ “Celebrity Online News”ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုနဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေတာနဲ့ ၎င်းတို့ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှု့မှုများပြားစေမယ့် လုပ်ကြံ သတင်းခေါင်းစဉ်တွေ တပ်ဖြန့်ဝေတာတွေ့ လုပ်လေ့ရှိတာ တွေ့ရတယ်။ အခုလည်း စစ်တပ်လော်ဘီ တစ်တော့အသုံးပြုသူ တဦးဖြစ်တဲ့ “truth.waves.01”က စတင်ဖြန့်ချိခဲ့တဲ့ လိုအပ်သလို ဖြတ်တောက်ထားတဲ့ ဗိုလ်နဂါးရဲ့ အင်တာဗျူး ဗွီဒီယိုကိုပြန်လည်မျှဝေထားခြင်းဖြစ်တာတွေ့ရတယ်။ 

“Thet Htwe Naing – Freelance Journalist” အမည်နဲ့ အလွတ်တန်း သတင်းထောက်တဦးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က ဖော်ပြခဲ့တဲ့ “စကစ ဖိတ်ခေါ်မှု နှင့် ဗိုလ်နဂါး သဘောထား”ဆိုတဲ့ ၁၈ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုကို လိုအ်သလို “ဖြတ်၊ညှပ်၊ကပ်၊ဆက်”လုပ်ထားတာဖြစ်တယ်။ မူလအင်တာဗျူး ဗွီဒီယိုကိုဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

သုံးသပ်ချက်

ဗိုလ်နဂါးဟာ စစ်ကောင်စီထံ လက်နက်ချမယ်ဆိုတာ မဟုတ်ပါဘူး။ ဗွီဒီယိုထဲပါ ပြောဆိုချက်တွေဟာ ဗိုလ်နဂါးကိုယ်တိုင်ပြောဆိုချက်တွေဆိုတာ မှန်ကန်ပေမဲ့ မူလက ၁၈ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုကနေ လိုအပ်သလို ဖြတ်တောက်ပြီး နားလည်မှုလွဲစေနိုင်တဲ့ ပုံစံနဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုတဲ့ သတင်းတု 

Fact Check By: Zun Zee 

Result: False