PDF တွေ သိမ်းယူလိုက်တဲ့ ဗန်းမောက်မြို့ကို မြန်မာစစ်တပ်က ပြန်လည်သိမ်းယူလိုက်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) သမ္မတကိုလည်း ဖမ်းဆီးလိုက်တယ်ဆိုပြီး ယူကျူ့ချန်နယ်တခုက ဗွီဒီယိုကို ဖြန့်ဝေထားပြီး ဒီပြောဆိုချက်ဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ လက်ရှိအချိန်အထိ စစ်တပ်က ဗန်းမောက်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးသလို NUG သမ္မတ ဖမ်းဆီးခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။
ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ဗန်းမောက်မြို့ တန်ပြန်ထိုးစစ်မှာပဲ
NUG ယာယီသမ္မတကို အရှင်ဖမ်းမိထားဟု
မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ချိထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ၊ မကြာခဏဆိုသလို လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေကိုလည်း ဖြန့်ချိတာတွေလည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာ ပြန်လည်မျှဝေပြီး ဗန်းမောက်မြို့ တော်လှန်ရေးတပ်တွေအောက်ကျရတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒုတိယစစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ပစ်တင်ပြောဆိုပြီး ရာထူးက အနားယူဖို့ ပြောတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ ပြောဆိုချက်ကို ပြန်လည်ဖော်ပြထားပြီး ဒုတိယစစ်ခေါင်းဆောင်နဲ့ စစ်တိုင်းမှူးကြား ဆက်ဆံရေး အဖုအထစ်ကြောင့် အခုလို ကျရှုံးခဲ့ရတာဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုဖြန့်ဝေထားတယ်။ ဗွီဒီယိုတခုလုံးမှာ စစ်တပ်က ဗန်းမောက်ကို ပြန်လည်သိမ်းပိုက်တဲ့အကြောင်းဖြစ်စေ၊ NUG သမ္မတ အဖမ်းခံရမှုအကြောင်းဖြစ်စေ မပါဝင်ပါဘူး။
သုံးသပ်ချက်
“Local Celegram”ဟာ မကြာခဏဆိုသလို သတင်းမီဒီယာတွေက သတင်းတွေကို ပုံဖျက်ပြောဆိုတာ လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေကိုလည်း ဖြန့်ချိလေ့ရှိတယ်။ အခုလည်း ဗန်းမောက်မြို့ကို မြန်မာစစ်တပ်က တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီဆိုတဲ့ အကြောင်းမတွေ့ရသလို NUG သမ္မတ ဖမ်းဆီးရမိတယ်ဆိုတာလည်း မဟုတ်ပါဘူး။
ပြောဆိုချက်- ဗန်းမောက်မြို့တန်ပြန်ထိုးစစ်အတွင်း NUG သမ္မတကို မြန်မာစစ်တပ် ဖမ်းဆီးရမိ
Title:Fact Check: ဗန်းမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး NUG သမ္မတကို မြန်မာစစ်တပ် ဖမ်းဆီးဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

