Fact Check: အမေရိကန်ဆီက စစ်ကူရပြီလို့ ဒေါက်တာဆာဆာပြောတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အမေရိကန်သမ္မတနဲ့ ဒေါက်တာဆာဆာတို့ တွေ့ဆုံမှုအပြီး အမေရိကန်ဆန်ဆီက စစ်ကူရပြီလို့ ဆိုထားတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူ တဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

 “လေယာဉ် အစီး ၂၀ Dr. SaSa ချပြ

အမေရိကန်သမ္မတနဲ့ လျှို့ဝှက်တွေ့ဆုံမှု

အပြီး စစ်ကူရပြီဟု Dr sasa ကြေငြာလို့ လန့်ကုန်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုဖြန့်ဝေတာ၊ လုံးဝလုပ်ကြံပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာပြသတဲ့ ရုပ်ကတ်အပါအဝင် ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားတဲ့နေရာမှာ ဖြစ်စေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာရှခရီးစဉ်အတွင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊  နိုင်ငံတကာပူးပေါင်းဆက်ဆံရေးဝန်ကြီး ဒေါက်တာဆာဆာတို့နဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့တယ်လို့ ဆိုထားပြီး AI နည်းပညာအသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံတွေလည်း အသုံးပြုထားတာတွေ့ရပါတယ်။ 

ဒီအပြင် သမ္မတထရမ့် အာရှခရီးစဉ်အတွင်းမှာ NUG တာဝန်ရှိသူတွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်ဆိုတဲ့  ဒီလိုသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း‌ဖော်ပြချက် မရှိသလို အထောက်အထားလည်းမတွေ့ရပါဘူး။

သုံးသပ်ချက်

ဗွီဒီယိုကို မျှဝေထားတဲ့ “The Daily Lens”ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေဖြန့်ဝေတဲ့နေရာဖြစ်တယ်။ အမေရိကန်သမ္မတရဲ့ အာရှခရီးစဉ်အတွင်းမှာ NUG တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိသလို အမေရိကန်က NUG ကို စစ်ရေးအရ အကူအညီပေးနေတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- အမေရိကန်သမ္မတနဲ့ တွေ့ဆုံမှုအပြီး အမေရိကန်ဆန်ဆီက စစ်ကူရပြီလို့ ဒေါက်တာ ဆာဆာ ကြေညာ

Avatar

Title:Fact Check: အမေရိကန်ဆီက စစ်ကူရပြီလို့ ဒေါက်တာဆာဆာပြောတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *