စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မူးလဲကျပြီး သေဆုံးမှုဆိုပြီး ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ရုပ်ရှင်ဆန်ဆန် မူးလဲပြီး သေဆုံး
ခုမှ သိရလို့ တစ်ိုင်ငံလုံး ပြည်သူတွေ ထခုန်နေကြပြီ
မင်းအောင်လှိုင် မူးလဲပြီး ဆေးရုံမှာ မသေမရှင်ဖြစ်နေပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုဖြန့်ချိတာ၊ လုံဝ လုပ်ကြံပြောဆိုတာတွေပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ မင်းအောင်လှိုင် လဲကျသေဆုံးတယ်၊ မူးလဲပြီး ဆေးရုံတင်ထား ရတယ်ဆိုပေမဲ့ ဒီအကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုပဲ ဗွီဒီယိုထဲမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံတည်ရှိတဲ့ နေရာကို စုံစမ်းဖို့အတွက် စစ်တပ်က အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းဟာလည်း သတင်းမီဒီယာတခုမှာ ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်မှာကြည့်ပါ)
တကယ်တော့ စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၁၅ ရက်မှာ ကရင်ပြည်နယ် ဘားအံမြို့ကို လာရောက်ပြီး ဧရာဝတီတိုင်း မအူပင်မှာလည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ဖွင့်ပွဲ တက်မယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြတယ်။
ဒီအပြင် ဗွီဒီယိုနောက်ဆုံးပိုင်းမှာပါတဲ့ ကုလသမဂ္ဂအသိအမှတ်မပြုရင် ရွေးကောက်ပွဲမလုပ်ဖို့ သမ္မတဟောင်း ဦးသိန်းစိန်ပြောတဲ့အကြောင်းဟာ လည်း သတင်းတုသာဖြစ်ကြောင်း Fact Crescendo Myanmar က အချက်အလက်စိစစ်ပြီးဖြစ်တယ်။
သုံးသပ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတယ်။ ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေမှာ စစ်ခေါင်းဆောင် မူးလဲကျလို့ ဆေးရုံတင်ရတဲ့ ဖော်ပြချက်မရှိပါဘူး။
ပြောဆိုချက်- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မူးလဲကျပြီး သေဆုံး
Title:Fact Check: စစ်ခေါင်းဆောင် မူးလဲကျပြီး သေဆုံးဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

