ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရတယ်ဆိုတဲ့ ဗွီဒီယိပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ဒေါ်စုကို ကယ်ထုတ်တဲ့ သန်းရွှေ
အသက်ကြီးသူချင်း ကိုယ်ချင်းစာပြီ ဒေါ်အောင်ဆန်းစုကြည်
ကို သွားကယ်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းသန်းရွှေ ဖမ်းခံရ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာနဲ့ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ကယ်ထုတ်တယ်လို့ ဆိုထားသလို အဖမ်းခံရတဲ့ ဓာတ်ပုံတွေလည်း မျှဝေထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီလို စိတ်ကူးယဉ် ဓာတ်ပုံကို ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။

AI နဲ့ စိတ်ကူးယဉ်ဓာတ်ပုံ ထုတ်လုပ်လို့ အလွယ်တကူရရှိနိုင်ပြီး နောက်ပိုင်းမှာ “The Daily Lens”ဟာ အခုလိုပဲ လုပ်ကြံပြောဆိုချက်တွေကို ဖြန့်ချိရာမှာ ဓာတ်ပုံအတုတွေပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာလည်းတွေ့ ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။
သုံးသပ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့နေရာဟာ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ကယ်ထုတ်တယ်ဆိုတာ မဟုတ်သလို ဦးသန်းရွှေ အဖမ်းခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။
Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: Misleading

