သံပုရာသီးနဲ့ ကြက်သားကို ပေါင်းစားရင် ဆီးချိုရောဂါကိုပျောက်ကင်းစေနိုင်တယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ
ခံစားနေရတဲ့သူက ဒီနည်းနဲ့ပျောက်ကင်းသ.က်သာရာရ ဖတ်ချိန်တမိနစ်
++++++++++
လူတယောက်ဟာ တနေ့မှာနေမကောင်းဖြစ်သတဲ့ သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့
ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ဆရာဝန်ပြ စစ်ဆေ:ကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့
ဒီလို နဲ့ ဆေ:စားလာတာ ၂ နှစ်လောက် ကြာပါတယ်
အသက် ၅၇ မှာ မလေးရှားက သူ့မောင်နှမတွေဆီလာလည်တော့ သူ့မှာ ဆီးချို ရောဂါဖြစ်နေတာကို သိတော့ ညီတယောက်က ဒီကြက်သံပုရာပေါင်းကို လုပ်ကျွေးပါတယ်
နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ပျောက်ကင်းသ.က်သာရာရခဲ့လို့ သူလည်း ပျောက်ချင်စိတ်နဲ့ သောက်ပါသတဲ့
ကြက်ပေါင်းနည်းက ၆၀သားလောက် အနေတော် ကြက်တကောင်ကို ခြေထောက်နဲ့ ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ့ ရေကို ကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ
အဲဒီကြက်ပေါင်းကို သူ့ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်
အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့
ဆငတသနသတကတကနသနသတသတသတစတ
သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ့ လုပ်ခဲ့ပါတယ်
ဒီလိုနဲ့ ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေ:စစ်ကြည့်တော့ ဆီးချို အတက်အကျ မရှိတော့လို့ ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေ:တွေ ဖြတ်ပေးလိုက်ပါတယ်
ဆီးချိုတိုင်း ကိရိယာလေးနဲ့ အမြဲပဲ စောင့်စစ်ဆေ:တော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်
အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့ လုပ်စားဖြစ်ပါတယ်
နတငသတသမသအသအငတပတပတငတသနသနသတသတငမကအကနသတသတသနသန
ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့ အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့ ဘဝကို ဖြတ်သန်းနေပါသတဲ့
ဆီးချိုအတွက် လုပ်စားကြည့်လို့လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ့ ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်
အတွင်းကလီစာများကို ထုတ်ပြီး သန့်စင်ထားတဲ့ ကြက် ( မွေးမြူရေးကြက်မဟုတ်တဲ့ ဗမာကြက် ရရင် ပိုကောင်းပါတယ် )
ကို ခေါင်း နဲ့ ခြေထောက်ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ကို ခြမ်းပြီး ကြက်ကို ရေမြုပ်ရုံထည့် ပြီး မီးအေးအေး မှာ ၂ ထပ်ပေါင်းအိုးနဲ့ ၁ နာရီ နီးပါး ပေါင်းပါတယ်
ဒယ်အိုးထဲမှာရေထည့်ပြီး ကြက်ထည့်ထားတဲ့ အိုးကိုထည့်ပေါင်းလည်းရပါတယ်
ဟပ်က ( Hokkien ) လူမျိုးတို့ရဲ့ ရိုးရာဆေ:နည်းလို့ သိရပါတယ် ”

အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီပြောဆိုမျှဝေချက်ဟာ မှားယွင်းပါတယ်။ လက်ရှိအချိန်အထိ ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါး သို့မဟုတ် အစားအသောက်မရှိသေးပါဘူး။

ဆီးချိုရောဂါဟာ ခန္ဓာကိုယ်ကနေ အင်ဆူလင်ဟော်မုန်း လုံလုံလောက်လောက် မထုတ်လုပ်နိုင်တာ ဒါမှမဟုတ် ဟော်မုန်းထွက်ပေမယ့် သင့်တော်စွာ အသုံးမပြုနိုင်တဲ့ အခါ သွေးထဲမှာ သကြားဓာတ်တွေစုပြုံလာတာကို ခေါ်တာဖြစ်တယ်။ ပထမအမျိုးအစား ဆီးချိုဖြစ်တဲ့ အင်ဆူလင်ဟော်မုန်း လုံလုံလောက်လောက် မထုတ်လုပ်နိုင်တဲ့ ရောဂါဟာ ရှားပါးပြီး အစားအသောက်အနေအထိုင်နဲ့ သက်ဆိုင်ခြင်းမရှိပေမယ် ဒုတိယအမျိုးအစားဖြစ်တဲ့ ဟော်မုန်းကို သင့်တော်စွာ အသုံးမပြုနိုင်တဲ့ အခြေအနေဟာ အဖြစ်များတဲ့ ဆီးချို ရောဂါဖြစ်တယ်။ ဒုတိယအမျိုးအစား ဆီးချိုရောဂါဟာ အစားအသောက်၊ အနေအထိုင်နဲ့ ဆက်စပ်နေတာတွေ့ရပြီး ဆီးချိုရောဂါကို ထိန်းချုပ်ရန်မှာ အဟာရမျှတစွာ စားသုံးမှုနဲ့ ကိုယ်လက်လှုပ်ရှားမှုက အရေးပါတာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
ဆီးချိုရောဂါရှိတဲ့သူတွေအတွက် သင့်တင်မျှတတဲ့အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ သွေးတွင်းသကြားဓာတ်လွန်ကဲမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီးနိုင်ပြီး တချို့အတွက် ဆီးချိုဆေးပုံမှန်သောက်သုံးစရာ မလိုတဲ့ အခြေအနေတွေကို ပြန်လည်ရရှိစေနိုင်ပါတယ်။ ဒါပေမဲ့ ကြက်ပေါင်းကို ပုံမှန်စားသောက်ရုံနဲ့ ဆီးချိုရောဂါကိုပျောက်ကင်းစေနိုင်တယ်ဆိုတာတော့ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- ကြက် သံပုရာပေါင်းက ဆီးချိုရောဂါကိုပျောက်ကင်းစေနိုင်တယ်
Title:Fact Check: ကြက်ပေါင်းက ဆီးချိုရောဂါပျောက်ကင်းစေနိုင်လား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False

