ကုလသမဂ္ဂမှာ တခါးပိတ်အစည်းအဝေးလုပ်ပြီး မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အသေဖမ်းဆီးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဇင်ဘာ ၇ ရက်မှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းကျော်ရရှိထားတယ်။
“ကုလတခါးပိတ် အမိန့်ကြေညာ
မင်းအောင်လှိုင်ကို အသေပစ်ခတ်ရန် အမိန့်ချ
အမေရိကန် တပ်က ပစ်ခတ်ရန် ကုလ စတင်တာဝန်ပေးအပ်
ဒေါ်လာသန်း ပေါင်းကုန်ကျ၁၂၀ ထုတ်ပေးမည် ”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ ဧရာဝတီတိုင်းမ်း သတင်းဌာနက ဒီဇင်ဘာ ၆ ရက်နေ့ သတင်းဖော်ပြချက်တွေဖြစ်တဲ့ “မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NUG တောင်းဆို”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထား တာတွေ့ရတယ်။ ဧရာဝတီတိုင်းမ်သတင်းဌာနက ယူကျူ့မှာဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
ဗွီဒီယို ဖြန့်ချိထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ကုလသမဂ္ဂမှာ တခါးပိတ်အစည်းအဝေးလုပ်ပြီး မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတာ မဟုတ်မှန်ပါဘူး။
ပြောဆိုချက်- ကုလသမဂ္ဂမှာ တခါးပိတ်အစည်းအဝေးလုပ်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချ
Title:Fact Check: ကုလသမဂ္ဂ တခါးပိတ်အစည်းအဝေးမှာ မြန်မာစစ်တပ်ခေါင်းဆောင်ကို သတ်ဖြတ်ဖို့ အတည်ပြုဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

