Fact Check: မင်းအောင်လှိုင်ဆီက စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အာဏာပြန်လုတဲ့ သတင်းတု

False

စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ အမိန့်ကို ဖီဆန်ပြီး လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က အာဏာပြန်လုလိုက်ပြီနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

 “နေပြည်တော် စစ်ရုံး သေနပ်သံတွေ ဆူညံနေ ရဲဝင်းဦးနဲ့ စိုးဝင်း လက်ဦးမှု ရယူ အာဏာမက်တဲ့ မင်းအောင်လှိုင် နားကားပြီ နေပြည်တော် အာဏာလုပွဲ ပြင်းထန်” (မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ဝေမှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှပြသတဲ့ ရုပ်ကတ်မှာ သမ္မတတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နဲ့ စစ်တပ်ဒုခေါင်းဆောင်ဟောင်း စိုးဝင်၊ လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ရဲ့ တဖက်တချပ်စီးက နေပြည်တော် အာဏာလုပွဲအဖြစ် ရေးသားထားတယ်။  အသံဖိုင်နဲ့ ဖတ်ကြားမှုမှာတော့ မြေပြင်မှာ စစ်ရှုံးခြင်း၊ နယ်မြေ ဆုံးရှုံးခြင်းများနှင့် စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ ရာထူးရွှေ့ပြောင်းရေး ကိစ္စရပ်တွေမှာ မင်းအောင်လှိုင် တဦးတည်း ဝင်ရောက်စွက်ဖက်မှုနေတာကြောင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အခုလို အမိန့်ဖီဆန်လိုက်တာ ဖြစ်တယ်လို့ ဆိုထားတယ်။ 

ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ 

သုံးသပ်ချက်

“Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောချက်တွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကို အာဏာဖိဆန်ပြီး လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အာဏာပြန်လုလိုက်တယ်ဆိုတာ သတင်းတုသာဖြစ်တယ်။

Result Stamp

Title: Fact Check: မင်းအောင်လှိုင်ဆီက စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အာဏာပြန်လုတဲ့ သတင်းတု

Written By: နေရာမောင်

Result: False