Fact Check: မင်းအောင်လှိုင်နဲ့အပေါင်းပါ ဗိုလ်ချုပ် ၁၅ ဦးကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖမ်းဆီးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

သမ္မတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ လက်ရုံးတပည့် လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် ၁၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

 “တပ်ချုပ် ရဲဝင်းဦး သစ္စာဖောက်ပြီ

မင်းအောင်လှိုင်နဲ့ အပေါင်းပါ ဗိုလ်ချုပ် (၁၅) ဦး ဖမ်းဆီးခံရ ၊ စစ်ရုံးချုပ်အတွင်း အာဏာ လုနေကြပြီ” (မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတခုဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး လုပ်ကြံရေးသား ပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့တဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှပြသတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အခုလို အမိန့်ဖီဆန်လိုက်တယ်လို့ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ မင်းအောင်လှိုင် ရွေးကောက်ခံအစိုးရဆီက အာဏာလုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ဖမ်းဆီးခဲ့တဲ့ သူဖြစ်ပြီး လူငယ်အများအပြားကို စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခဲ့သူဖြစ်တဲ့အကြောင်းနဲ့ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေနဲ့ မင်းအောင်လှိုင်ကို သစ္စာခံလို အခုလို တပ်ချုပ်ဖြစ်ခဲ့တဲ့အကြောင်းကို ရေးသားထား တဲ့ အတွေးအမြင်တခုကို မျှဝေနေခြင်းဖြစ်တယ်။ 

၁၉၆၅ ခုနှစ်မွေး  OTS သင်တန်းဆင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ထောက်လှမ်းရေးလိုင်းမှ ပထမဆုံး ကာချုပ်ဖြစ်လာသူဖြစ်ပြီးပြီး ၎င်းအနေနဲ့ သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခိုင်းသမျှ လုပ်မလား ဒါမှမဟုတ် အာဏာရလာပြီးနောက် ပြန်လည်တော်လှန်မည့်သူ ဖြစ်လာမလားဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမယ်လို့ ဆောင်းပါးရှင်းကသုံသပ်ပြီး ဘယ်သူ ကာချုပ်ဖြစ်လာလာ တိုင်းပြည်အတွက် ကောင်းမွန်သော မျှော်လင့်ချက်မရှိကြောင်း သတင်းတွင် သုံးသပ်ဖော်ပြထားတဲ့ သုံးသပ်ချက် ဆောင်းပါးသာ ဖြစ်တယ်။ 

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသား ပြောချက်တွေ ရောနှောဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အာဏာပြန်လုလိုက်တယ်ဆိုတာ သတင်းတုသာဖြစ်တယ်။

Result Stamp

Title: Fact Check: မင်းအောင်လှိုင်နဲ့အပေါင်းပါ ဗိုလ်ချုပ် ၁၅ ဦးကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖမ်းဆီးတဲ့ သတင်းတု

Written By: နေရာမောင်

Result: False