
တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားတဲ့ ငွေကျပ်သိန်း ၇၀၀ကို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့တဲ့ NLD လွှတ်တော်အမတ်ကို NLDပါတီဝင်တွေက ပါတီဗဟိုသို့ တိုင်ကြားခဲ့ပေမဲ့ အရေးယူခြင်းမရှိဘူးဆိုတဲ့ သတင်းကို Kachin Daily Newsဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကရေးသားခဲ့ပါတယ်။
“တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် NLD လွှတ်တော်အမတ်အား NLDပါတီဝင်များက ပါတီဗဟိုသို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိ”နဲ့ “ရွေးကောက်ပွဲနီးမှ အရေးယူနေရပါက ပါတီပုံရိပ်ကျသွားနိုင်သည်ဟုပါတီပြောရေးဆိုခွင့်ရှိသူမှပြော”ဆိုတဲ့ ခေါင်းစဥ်နှစ်ခုနဲ့ရေးသားထားတဲ့ အဲ့ပို့စ်မှာ “တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း ၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ NLDပါတီမှ လက်ရှိဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား NLD ပါတီဝင်များက ပါတီဗဟိုသို့ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲနီးနေသည့်အတွက် NLDဗဟိုမှ အရေးယူသွားရန် မရှိကြောင်း သိရသည်”လို့ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်
အဲ့ဒီပို့စ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmarက အဲ့ဒီပို့စ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmarက ကချင်ပြည်နယ် NLDပါတီရဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးတင်ဦးယုကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ “ဦးတင်စိုးကို စစ်ပြီးသွားပါပြီ။ဒါကလည်း ပါတီရဲ့ဘဏ္ဍာရှင်းတမ်းနဲ့ ပတ်သက်ပြီး စစ်တာပါ။ သိန်း ၇၀၀ကိစ္စကတော့ ကျွန်တော်ဆီတတိုင်ထားတာမရှိပါဘူး။ သူ့ကို စစ်ထားတာကိုလည်း ပါတီဗဟိုကို အစီရင်ခံစာတင်ပြီးသွားပါပြီး။ ရွေးကောက်ပွဲနီးလို့ အရေးမယူဘူးဆိုတာမဟုတ်ပါဘူး။ သူ့ကို အကြည်တဲ့သူတွေက ရွေးကောက်ပွဲလည်းနီးလာတော့ လျှောက်ဖွတာနေမှာပါ”လို့ ဦးတင်ဦးယုက ပြန်လည်ဖြေဆိုခဲ့ပါတယ်။
NLDပါတီရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကလည်း “ဦးတင်စိုးပတ်သက်တဲ့ သိန်း ၇၀၀ကိစ္စက ကျွန်တော်ဆီမှာမရှိဘူး၊ ဦးတင်စိုးတို့ကို မြို့နယ်အလုပ်အမှူဆောင်အဖွဲ့ကို ပြန်စိစစ်ဖွဲ့ဖို့ဆိုတဲ့ စာတော့ရှိပါတယ်။ ရွေးကောက်ပွဲကြောင့်် ပါတီပုံရိပ်ကျမှာစိုးလို့ဆိုတာတော့ပြောထားတာ ညွန်ကြားထားတာမရှိပါဘူး။ ဒီလိုပဲ တိုင်ထားတဲ့ဟာတွေကို အမှုတွဲအနေနဲ့ထားပြီးစစ်သွားမှာပါ”လို့ ပြောပါတယ်။
သုံးသပ်ချက်
အထက်ပါ တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် NLD လွှတ်တော်အမတ်အား NLDပါတီဝင်များက ပါတီဗဟိုသို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိဘူးဆိုတဲ့ သတင်းဟာ ဒေါက်တာမျိုးညွန့်နဲ့ ဦးတင်ဦးယုရဲ့ဖြေဆိုချက်အရ သတင်းအမှားသာဖြစ်ပါတယ်။

Title:NLDကိုယ်စားလှယ်ကိုတိုင်ကြားပေမဲ့ ရွေးကောက်ပွဲနီးတာကြောင့် ပါတီပုံရိပ်ကျဆင်းနိုင်လို့ အရေးမယူဘူးဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False