မကျေနပ်ရင် ရွေးကောက်ပွဲဝင်မပြိင်ဖို့ရွေးကောက်ပွဲကော်မရှင်ပြောသလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

ရွေးကောက်ပွဲကို ရက်အတိအကျလုပ်မယ်၊ မကျေနပ်ရင် ဝင်မပြိုင်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပြောတယ် ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံလျက်ရှိပါတယ်။ 

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရွေးကောက်ပွဲကို အတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းမပြောဘူး။ ဦးမြင့်နိုင်(UEC ဉက္ကဌ)”ဆိုပြီး မျှဝေထားပါတယ်။

 “Canda Siri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရဲ့ပို့စ်ကို “Sandar Aung” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။အလားတူပို့စ်ကို “Ko Pyae”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

စက်တင်ဘာ ၁၉ ရက်ကမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်း မီဒီယာတာဝန်ရှိသူတွေနဲ့ အွန်လိုင်းက ဆွေးနွေးမှုအစီတစ်ခုအပြီးမှာ ဒီလိုမျိုး မျှဝေမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုရေးသားမျှဝေနေတဲ့ ပို့စ်ဟာသတင်းမှားဖြစ်တာတွေ့ရပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ရဲ့ အောက်ခြေမှာ “ဉီးမြင့်နိုင်(UEC ဉက္ကဌ)”လို့ရေးသားမျှဝေထားပါတယ်။ ပထမဉီးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉက္ကဌဟာ ဉီးလှသိန်းဖြစ်ပြီး ဉီးမြင့်နိုင်ဟာ အဖွဲ့ဝင်ဖြစ်တာတွေ့ရပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပတဲ့ “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ သတင်းမီဒီယာများ၏အခန်းကဏ္ဍ”အမည်နဲ့ တွေ့ဆုံဆွေးနွေးပွဲ ဗွီဒီယို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။ ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာမှာလည်း အခုလိုမျိုးပြောကြားချက်မျိုးမတွေ့ရှိရပါဘူး။ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/uecmyanmar/videos/631465114028855/

ထို့အပြင် ဒီဆွေးနွေးပွဲမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဦးမြင့်နိုင်က မီဒီယာတွေရဲ့ မေးမြန်းချက်ကို အဓိကဖြေဆိုခဲ့တာတွေ့ရပြီး COVID-19 ကြောင့် ရွေးကောက်ပွဲရွေ့ဆိုင်းဖို့ အစီအစဉ်ရှိမရှိကို သတင်း မီဒီယာသမား ၂ ယောက်က မေးမြန်းခဲ့တာတွေ့ရပြီး ဒီလိုမေးမြန်းမှုကို ဖြေဆိုရာမှာ ဦးမြင့်နိုင်က မျှဝေနေတဲ့ ပို့စ်မှာပါသလို “ရွေးကောက်ပွဲကို အတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းမပြောဘူး”ဆိုတဲ့စကားလုံးမျိုးသုံးစွဲခဲ့တာမျိုးမရှိပါဘူး။

https://www.facebook.com/uecmyanmar/videos/337187487498232/

အခြားသောသတင်းဌာနတွေမှာ အခုလို သတင်းဖော်ပြချက်မျိုးမတွေ့ရှိရပါဘူး။ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ပြောကြားချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီလင့်ခ်မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/326426220895438/posts/1607121329492581

သုံးသပ်ချက်

အထက်ပါ အချက်အလက်အရ “ရွေးကောက်ပွဲကို အတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းမပြောဘူး”ဆိုတဲ့ အချက်အလက်ဟာ အချက်အလက်အတု အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:မကျေနပ်ရင် ရွေးကောက်ပွဲဝင်မပြိင်ဖို့ရွေးကောက်ပွဲကော်မရှင်ပြောသလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *