လပွတ္တာမှာ မုန်တိုင်းဝင်တယ်ဆိုတဲ့ သတင်းမှား

False လူမှုရေး

ဗီယက်နမ်ကိုဝင်ရောက်ခဲ့တဲ့ နိုလ်မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်ကနေ ၂၂ ကြားမှာ မိုးကြီးရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၈ ရက်ကထုတ်ပြန် ထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “မနေ့ညက မုန်တိုင်းဝင်မွှေသွားလို့ ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ရသော လပွတ္တာမြို့ အခြေ အနေ လပွတ္တာမြို့ ပြန်လည် ထူထောင်ကယ်ဆယ်ရေးအတွက် အလှူငွေ ထည့်ဝင်ကြဖို့ လပွတ္တာမြို့ ပြန်လည် ထူထောင်ရေးအဖွဲ့ မှနိုးဆော်ထားကြောင်း သိရှိရပါသည်” ဆိုပြီး အပျက်အစီးများနဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။

Fb linkFb link
Archive linkArchive link

အလားတူပို့စ်မျိုးကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ “မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြား မှုဉီးစီးဌာန”ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို သွားရောက်ပြီး အချက်အလက်ရှာဖွေရာမှာ နိုလ်မုန်တိုင်း အရှိန်ကြောင့် မိုးကြီးရေကြီးမှုဖြစ်ပေါ်နိုင်ပြီး မုန်းသက်လေပြင်းကျရောက်နိုင်ကြောင်း ထုတ်ပြန်ချက်ကလွဲပြီး မုန်တိုင်းကြေညာ ချက်မျိုးတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိတာတွေ့ရပါတယ်။

မျှဝေလျက်ရှိတဲ့ ပို့စ်တွေမှာပါတဲ့ ဓာတ်ပုံတွေထဲက ပထမဆုံးပုံဖြစ်တဲ့လမ်းပေါ်မှာ ဆိုင်ကယ်လဲနေပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြု ပြန်လည်ရှာဖွေရာမှာ ဗီယက်နမ်နဲ့ထိုင်းဘာသာစကားနဲ့ရေးသားထားတဲ့ ပို့စ်တွေမှာ စက်တင်ဘာ ၁၉ ရက်က စတင်မျှဝေခဲ့တာအောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

အလားတူ အခြားသော အိမ်အပျက်အစီးပုံတွေနဲ့ ပတ်သက်ပြီးတော့ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တစ်စုံတစ်ရာအထေက် အထားရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ပါဘူး။ သို့သော်လည်း လပွတ္တာမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဉီးထွန်းလှကို Fact Crescendo Myanmar က မုန်တိုင်းဝင်ရောက်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောကြားပါတယ်။

“မုန်တိုင်းတော့မရှိဘူး။ ဒါပေမဲ့ အဲဒီရက်က မိုးရွာတယ်။ လေပြင်းလေးနည်းနည်းပါးပါးတိုက်တာပေါ့။ ဒါကတော့ မိုးဦးကျ မုန်တိုင်းငယ်အဆင့်တောင်မရှိပါဘူး။ လေပြင်းသဘောရှိပါတယ်။ ကျွန်တော်ပြင်စလူပေါ့။ လပွတ္တာ မြို့နယ်ရဲ့ ပင်လယ်ဝပေါ့။ တကယ်လို့ မုန်တိုင်းတွေ ဘာတွေထိပြီဆိုရင် ဒီနေရာတွေ အဓိကထိတာကို။ အဲဒီဘက် တွေ လှမ်းမေးတော့ ဘာမှမဟုတ်ဘူး။ အဲဒီသတင်းက အမှားကြီးတင်ထားတာ။ အဲဒါအမှားကြီးပါ။ ကျွန်တော်တို့ဆီမှာ ဘာမှမဖြစ်ဘူး”လို့ ဉီးထွန်းလှကပြောပါတယ်။

ဧရာ၀တီတိုင်းဒေသကြီး လပွတ္တာမြို့တွင် မုန်တိုင်း၀င်တိုက်သွားသည်ဟု သတင်းအတု၊ သတင်းမှားဖြန့်ေ၀ကာ အွန်လိုင်းပေါ်မှ လိမ်လည်အလှူခံမှုများ ပေါ်ပေါက်နေတယ်လို့လည်း Ayeyarwady Times သတင်းဌာနက ရေးသား ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/508784185946254/posts/1681706881987306?_rdc=1&_rdr

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ လပွတ္တာမှာ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ အထောက်အထားမရှိသလို အပျက်အစီး ဓာတ်ပုံအချို့ဟာ ဗီယက်နမ်နိုင်ငံမှာ နိုလ်အမည်နဲ့မုန်းတိုင်းဝင်ရောက်ပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီး ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title:လပွတ္တာမှာ မုန်တိုင်းဝင်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *