မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ သတင်းတု

False လူမှုရေး

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။

အခုတစ်ခါမှာလည်း မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လှအန်ဆန်းနဲ့ အခြားအလှူရှင်တစ်ဦးနဲ့ပေါင်းပြီး မြန်မာငွေကျပ်သိန်းပေါင်း (၅၀၀၀၀)သိန်း ပူးပေါင်းပြီး အကူအညီ”ဆိုပြီး “နေ ဟိန်း” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူ က “နိုင်ငံတကာ ထီပေါက်သူ သူဌေးကြီးများ အလှူ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ တစ်သိန်းခွဲရှိခဲ့ပါတယ်။

Fb linkArchive link

ဒီလို အွန်လိုင်းကနေ ငွေကြေးထောက်ပံ့နေတယ်၊ အောက်မှာပါတဲ့လင့်ခ်ကို နှိပ်ပြီး “join group”ကိုနှိပ်ပေးပါ၊ အခြားသော group တွေကို ရှယ်ပေးပါ၊ ပြီးရင် ဖုန်းနံပါတ်တွေ ရေးခဲပါဆိုတဲ့ပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ဒီလိုမျှဝေထားတာတွေဟာ မဟုတ်မှန်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ကနေ အောက်ပါအတိုင်းရှင်းလင်းရေးသားထားပါတယ်။

“မင်္ဂလာပါခင်ဗျား……ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါဆိုးကာလမှာ၊ မိသားစုဝင်တွေနဲ့အတူဘေးကင်း လုံခြုံပြီး ကျန်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အတတ်နိုင်ဆုံးအိမ်မှာနေကြပြီးတော့၊လိုအပ်လို့သွားလာရမယ်ဆိုရင်Maskမာစ့်တပ်ခြင်း၊ လက်ကိုမကြာခဏဆေးပေးခြင်းနဲ့လူစုလူဝေးတွေကိုရှောင်ရှားဖို့ အတွက် တိုက်တွန်း လိုပါတယ်။ အားလုံးကိုအသိပေးလိုတဲ့အရေးကြီးတဲ့အကြောင်းအရာကတော့ဒီအတောအတွင်း တချို့FacebookPageတွေကနေပြီးတော့ကျွန်တော်နဲ့အလှူရှင်များပူးပေါင်းပြီးလှူဒါန်းမှုပြုနေတဲ့အကြောင်းသတင်းအမှားတွေကိုဖြန့်ဝေနေတာကိုတွေ့မြင်နေရတဲ့အတွက် သတင်းအမှားတွေကိုမယုံကြည်ကြဖို့နဲ့မိမိရဲ့ ကိုယ်ရေးအချက်အလက်များကိုFacebookCommentကော်မဲန့်တွေမှာမပေးကြဖို့အသိပေးလိုပါတယ်။Facebookအသုံးပြုခြင်းက၊ကောင်းကျိုးတွေအမျာအပြားရှိပေမယ့်သတင်းအတုတွေ၊သတင်းအမှားတွေအမြောက်အမြားရှိနေတာကိုလည်းသတိပြုသင့်ပါတယ်။Facebook ရဲ့ Blue Mark ရရှိထားတဲ့ဒီကျွန်တော့်ရဲ့တရားဝင် Facebook စာမျက်နှာမှာပဲကျွန်တော်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုဖော်ပြပေးသွာမှာဖြစ်ပါတယ်။အားလုံးပဲ သတင်းအမှားများကိုသတိပြုပြီးမိမိကိုယ်ရေးအချက်အလက်များကိုမပေးမိကြဖို့နဲ့ကိုဗစ်-၁၉ကပ်ရောဂါဆိုးကြီး ကိုလုံခြုံဘေးကင်းစွာနဲ့ကျော်ဖြတ်နိုင်ကြပါစေလို့ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။#ဒီပို့စ်အကြောင်းကိုမသိသေးတဲ့မိမိမိတ်ဆွေသူငယ်ချင်းနဲ့အခြားသူတွေအတွက်ပိုစ့်ကိုရှဲလ်ပေးချင်းဖြင့်ကူညီပေးကြပါလို့ပြောလိုပါတယ်။”ဆိုပြီးတော့ မျှဝေထားပါတယ်။

https://www.facebook.com/AungLaNsangTheGreat/posts/2026706534129140

ဒီလို လှူပေးတယ်၊ ငွေလွှဲမယ်ဆိုတဲ့ သတင်းဖြန့်တဲ့ ဖေ့စ်ဘွတ်အုပ်စုတွေကို ကြည့်မယ်ဆိုရင် ဖေ့စ်ဘွတ်အုပ်စုမှာ ဝင်ရောက်သူတွေ တိုးပွားအောင်ဆောင်ရွက်ပြီး နှစ်လုံးထီ၊ချဲဂဏန်းပေးတဲ့အလုပ်နဲ့ လူတွေဆီက ဝင်ငွေရှာဖွေ တာတွေနဲ့ စပ်ဆက်နေတာလည်းတွေ့ရပါတယ်။ 

ဒီလို သတင်းဖြန့်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ဖုန်းနံပါတ်တွေစုဆောင်းပြီး ဖုန်းနံပါတ် တွေဆီကို စာတိုတွေပို့ပြီး ငွေလွှဲကို ထုတ်ဖို့အတွက် လျို့ဝှက်နံပါတ်အတွက် ငွေလွှဲပေးရမယ် စသည်ဖြင့် လိမ်ညာနေတာတွေနဲ့လည်း စပ်ဆက်နေတာတွေ့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း လူတွေကို ဖမ်းစားနိုင်တဲ့ သတင်းတု သတင်းမှားတွေ တင်ဆက်ထားတဲ့ ဝက်ဘ်ဆိုဒ်က သတင်းမှားတွေကို ဖြန့်ဝေခြင်းအားဖြင့် ဝင်ငွေရှာတဲ့အလုပ်တွေနဲ့ ဆက်စပ်နေပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့အချက်အလက်မှန်ကန်မှုမရှိတာတွေ့ရပါတယ်။

Avatar

Title:မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *