Fact Check: COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေး နေတယ်ဆိုတဲ့ သတင်းတု သတင်းမှားများဆက်တိုက်ဖြန့်ချိ

False လူမှုရေး

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။

မျှဝေလျက်ရှိတဲ့ ပို့စ်တွေမှာ အလှူပေးနေတယ်၊ ငွေလွှဲပေးမယ်၊ထောက်ပံ့ကြေးပေးနေတယ် အခြားသော ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလည်း မျှဝေပေးပါ၊ အောက်မှာပါတဲ့ လင့်ခ်ကလေးကို နှိပ်ပါ၊ ဖုန်းနံပါတ်ချန်ထားခဲ့ပါ ဆိုပြီးတော့ တောင်းဆိုထားတာတွေ့ရပါတယ်။ 

ဒီလိုပို့စ်တွေဟာ သတင်းတု သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ယုံကြည်လာစေဖို့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ငွေသားအထုပ်လိုက်ပုံတွေနဲ့ ဓာတ်ပုံအဟောင်းကိုအသုံးပြုပြီးရေးသား ကြလေ့ရှိတာလည်း တွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုတွေကို ဖုန်းနံပါတ်ချန်ထားခဲ့ရန်တောင်းဆိုပြီး များများသိအောင်မျှဝေပေးဖို့နဲ့ ပေးထားတဲ့ လင့်ခ်မှာ အဖွဲ့ဝင်ဖို့တောင်းဆိုထားတဲ့ ပို့စ်တစ်ခုကို “Covid 19 ရောဂါအတွက် အလှူကြီးပေး နေပြီး”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အောက်တိုဘာ ၂ ရက်ကမျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေသူ တစ်သောင်း တစ်ထောင်ကျော်ရှိပါတယ်။ ဒီလို မျှဝေထားတဲ့ပို့စ်မှာ ပိုက်ဆံအထုပ်လိုက်ပုံသုံးပုံနဲ့ wavemoney wavepay အမှတ်တံဆိပ်ပါစာရွက်တစ်ရွက်နဲ့ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ပထဆုံးပုံဖြစ်တဲ့ ငွေသားအထုပ်တွေ အများကြီးနဲ့ ပုံဟာ ၂၀၁၆ ခုနှစ် ဇွန် ၅ ရက်မှာ စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ပျဉ်းမနားမှာ ဈေးဗန်းနဲ့ဈေးသည် တစ်ထောင်ကျော် အတွက် တစ်ဦးလျှင်တစ်သိန်းနှုန်းလှူဒါန်းတုန်းက ပုံဖြစ်တာတွေ့ရပါတယ်။

“ဈေးဗန်းနှင့်ရောင်းချသည့် ဈေးသည်ဦးရေ တစ်ထောင်ကျော်အား တစ်ဦးလျှင်တစ်သိန်းနှုန်းဖြင့် စိုးလျှပ်စစ်ဖောင် ဒေးရှင်းက ပျဉ်းမနားတွင် ဇွန် ၅ရက်က လှူဒါန်းစဉ်။ (ဓာတ်ပုံ-နေသာ၊မဇ္ဈိမ)”ဆိုပြီးတော့ Mizzima သတင်းဌာနက မျှဝေထားပါတယ်။

https://www.facebook.com/MizzimaDaily/photos/a.1196036423764594/1196036470431256

မူရင်းလင့်ခ် –  Mizzima  |  Archive link 

နောက်ထပ်ဓာတ်ပုံတစ်ပုံဖြစ်တဲ့ အရောင်းအဝယ်စာချုပ်တစ်ခုနဲ့ ကျပ် တစ်ထောင်တန်နဲ့ ကျပ်တစ်သောင်းတန် ပိုက်ဆံအထုပ်ပုံကိုလည်း“အောင်ဆုပန် အိမ်ခြံမြေအထွေထွေဝန်ဆောင်မှုလုပ်ငန်း”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ တင်ထားတာတွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်၊ ြသဂုတ် ၇ ရက်နေ့က  “ဒက္ခဏသီရီမြို့ မြေကွက်လွတ် ပေ ၆၀-ပတ်လည်အရောင်းအဝယ် ငွေအကြေချေ ရောင်းသူဝယ်သူများ ချစ်မိတ်ဆွေများအားလုံးကို  အောင်ဆုပန်အိမ်ခြံ မြေမှ ကျေးဇူးအထူးတင်ပါတယ်ရှင့်”ဆိုပြီး ဒီဓာတ်ပုံကို မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – Link  |  Archive link

ဒီလို သတင်းဖြန့်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ဖုန်းနံပါတ်တွေစုဆောင်း၊ရရှိလာတဲ့ ဖုန်းနံပါတ် တွေဆီကို စာတိုတွေပို့ပြီး ငွေလွှဲကို ထုတ်ဖို့အတွက် လျို့ဝှက်နံပါတ်အတွက် ငွေလွှဲပေးရမယ် စသည်ဖြင့် လိမ်ညာနေတာတွေနဲ့လည်း စပ်ဆက်နေတာတွေ့ရပါတယ်။ 

အခုမျှဝေထားတဲ့ ပို့စ်ရဲ့အောက်မှာ မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် ငွေလွဲသယောင်ဆောင်ပြီး လျို့ဝှက်နံပါတ် ရဖို့အတွက် ငွေလွဲပေးဖို့တောင်းဆိုခံရတယ်ဆိုပြီးတော့ မှတ်ချက်ရေးထားတာတွေတွေ့ရပါတယ်။

ဒီလို လှူပေးတယ်၊ ငွေလွှဲမယ်ဆိုတဲ့ သတင်းဖြန့်တဲ့ ဖေ့စ်ဘွတ်အုပ်စုတွေကို ကြည့်မယ်ဆိုရင် ဖေ့စ်ဘွတ်အုပ်စုမှာ ဝင်ရောက်သူတွေ တိုးပွားအောင်ဆောင်ရွက်ပြီး နှစ်လုံးထီ၊ချဲဂဏန်းပေးတဲ့အလုပ်နဲ့ လူတွေဆီက ဝင်ငွေရှာဖွေ တာတွေနဲ့ စပ်ဆက်နေတာလည်းတွေ့ရပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “Aung Mar”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ဒုတိယအကြိမ် ငွေလွှဲပေးလိုက်ပါပြီ ၅ သိန်းမရသေးရင် အမြန်ဆုံးစရင်းပေးထားဖို့၊ ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ အချက်အလက်မှန်ကန်မှုမရှိတာတွေ့ရပါတယ်။

Avatar

Title:COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေး နေတယ်ဆိုတဲ့ သတင်းတု သတင်းမှားများဆက်တိုက်ဖြန့်ချိ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *