Fact Check: သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်လို့ သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်ဆိုပြီး မျှဝေလျက်ရှိတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ပြုပြင်ပြောင်းလဲရေးနိုဗယ်ဆု ပူပူနွေးနွေးရရှိလိုက်တဲ့ သမ္မတဟောင်းဦးသိန်းစိန်” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်နိုင်ခဲ့မှုနဲ့  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်  ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က  ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။  ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး  နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို  ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်  အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာလမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီဆုအတွက် အမည်စာရင်း ၃၀၁ ခုကို တင်သွင်းခဲ့ပါတယ်။  အဲဒီထဲက အမည်စာရင်း၂၂၃ ခု က လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ဖြစ်ပြီး ၇၈ ခုကတော့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်” စသည်ဖြင့်ရေးသားထားပါတယ်။

သို့သော်လည်း ဒီလိုရေးသားမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နိုဘယ်ဆုရရှိသူစာရင်းမှာ ဦးသိန်းစိန်ပါဝင်ခြင်းမရှိပါဘူး။

လူမှုကွန်ယက်အသုံးပြုသူ ၁ ထောင် ၃ရာကျော်က ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဝက်ဘ်ဆိုဒ်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာလည်း မျှဝေထားပါတယ်။

မူရင်းလင့်ခ် –  Fb linkArchive link 

အချက်အလက်စိစစ်ချက်

Nobleprize.org မှာ ၂၀၂၀ ခုနှစ်နိုဘယ်ဆုရှင်တွေကို ကြေညာထားပြီးဖြစ်ပါတယ်။ နိုဘယ်ဆုမှာ “ပြုပြင်ပြောင်းလဲရေးနိုဘယ်ဆု”ဆိုပြီးပေးအပ်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးနိုဘယ်ဆုသာရှိပါတယ်။ ယခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို လူပုဂ္ဂိုလ်ကို ပေးအပ်ခြင်းမဟုတ်ဘဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။

မူရင်းလင့်ခ်- Nobelprize | Archive link

နိုဘယ်ဆုစတင်ချီးမြှင့်စဉ်ကတည်းက နိုဘယ်ဆုရှင်စာရင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ ၂၀၂၀ ခုနှစ် နိုဘယ်ဆုရှင်တွေအကြောင်းရေးသားထားတဲ့ နယူးယောက်တိုင်းမ်က ဆောင်းပါးကို ဒီလင့်ခ် မှာ လေ့လာ နိုင်ပါတယ်။

နောက်ထပ်ရေးသားထားတဲ့အချက်အလက်ဖြစ်တဲ့ “သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်နိုင်ခဲ့မှုနဲ့  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်  ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က  ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။  ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး  နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို  ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်  အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာလမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီဆုအတွက် အမည်စာရင်း ၃၀၁ ခုကို တင်သွင်းခဲ့ပါတယ်။  အဲဒီထဲက အမည်စာရင်း၂၂၃ ခု က လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ဖြစ်ပြီး ၇၈ ခုကတော့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်”ဆိုတဲ့ အချက်ဟာ ၂၀၁၉ ခုနှစ် က အီသီရိုးပီးယားဝန်ကြီးချုပ်ကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးအပ်စဉ်က forbes သတင်းဌာနကရေးသားချက်ကို ဘာသာပြန်ယူသုံးထားခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဦးသိန်းစိန် နိုဘယ်ဆုရရှိတယ်ဆိုပြီးမျှဝေနေတဲ့ သတင်းဟာ သတင်းမှား ဖြစ်ပါတယ်။

Avatar

Title:သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *