
ရခိုင်ပြည်နယ်အတွင်းကျောက်တော်မြို့နယ်အတွင််းက ဘုရားပေါင်ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းမှာ အခုလအောက်တိုဘာ ၂၄ရက်နေ့က AAတပ်ဖွဲဝင်တွေနဲ့အတူ လက်နက်တွေပါဖမ်းမိတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “AAအကြမ်းဖက်များနှင့်လက်နက်ခဲယမ်းများဖမ်းမိ”ဆိုတဲ့ခေါင်းစဉ်နဲ့ နေ့စွဲကိုတော့ “24-10-2020”လို့ ရေးသားထားပြီး “အခု မိတာပါ၊ ရခိုင်ပြည်နယ် ဘုရားပေါင်း ရွာဘုန်းကြီး ကျောင်းမှာ လူရော့ လက်နက်ပါ မိတာပါ။သတင်း အပြည့်အစုံကို ပြန်လည်တင်ပြပေးမည်။”(မူရင်းရေးသားတဲ့အတိုင်း)လို့ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ဒီပို့စ်နဲ့ပတ်သက်ပြီး ဘုရားပေါင်းကျေးရွာမှာ ရက္ခိုင့်တပ်တော်AAတပ်ဖွဲ့ဝင်ဖမ်းမိတယ်ဆိုတဲ့ သတင်းမျိုး တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားတာမတွေ့ရသလို တပ်မတော်သတင်းမှန်ပြန်ကားရေးက အောက်တိုဘာ ၂၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲပေမဲ့ ဒီအကြောင်းထည့်သွင်းပြောကြားသွားတာကိုလည်း မတွေ့ရပါဘူး။အလားတူပဲ ပြည်တွင်းမီဒီယာတွေမှာလည်း အဲ့ဒီလိုသတင်းမျိုးရေးသားဖော်ပြထားတာမတွေ့ရပါဘူး။
ဒီပို့စ်မှာသုံးထားတဲ့ AAတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်နက်တွေအဖြစ် ပုံဖော်အသုံးပြုထားတဲ့ပုံတွေကို Googleမှာ ပုံရှာနည်းရှာမယ်ဆိုရင်တော့ JAM News Universo Informativo ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်တစ်ခုက ကိုလံဘီယာနိုင်ငံ CAUCA ဒေသမှာဖြစ်ပျက်ခဲ့တဲ့ ဖမ်းဆီးမှုဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ထဲက ရုပ်ပုံတချို့ကို Screenshootရိုက်ကာ ထင်ယောင်ထင်မှားဖြစ်အောင်ပြန်လည်အသုံးပြုထားတာကို တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“AAတပ်ဖွဲ့ဝင်တွေအဖြစ်ဖော်ပြနေတဲ့ ပုံ(ညာ)နဲ့ မူဗွီဒီယိုနဲ့ “JAM News Universo Informativo”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုထဲက screenshot ကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အခုလအောက်တိုဘာ ၂၄ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ကျောက်တော်မြို့နယ်အတွင််း ဘုရားပေါင်ကျေးရွာရှိဘုန်းကြီးကျောင်းမှာ AAတပ်ဖွဲဝင်တွေနဲ့အတူ လက်နက်တွေပါဖမ်းမိတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ သတင်းအမှားသာဖြစ်တာကို တွေ့ရပါတယ်။

Title:ရခိုင်ပြည်နယ်က ဘုရားပေါင်းကျေးရွာဘုန်းကြီကျောင်းအတွင်းမှာ AAတပ်သားတွေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False