Fact Check: တောင်ဉက္ကလာပက ဆန္ဒမဲလက်မှတ်တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ပါတီအမှတ်တံဆိပ် တွေကို အရောင်ပြောင်းလဲထား တယ်ဆိုပြီးမျှဝေနေ

Misleading နိုင်ငံရေး | Politics

တောင်ဉက္ကလာပက ဆန္ဒမဲလက်မှတ်တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ပါတီအမှတ်တံဆိပ်တွေကို အရောင်ပြောင်းလဲထား တယ်ဆိုပြီးမျှဝေနေတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ ဆန္ဒမဲလက်မှတ်တစ်ခုမှာ  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ၏ အမှတ်တံဆိပ်မှာ အပြာရောင်ဖြစ်နေသလို အခြားသောပါတီတွေဖြစ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီအမှတ်တံဆိပ်တွေဟာ ပုံဖျက်ခံထားရတယ်ဆိုပြီးတော့ အဝိုင်းခတ်ပြထားတဲ့ လက်မှတ်တစ်စောင် နဲ့အတူ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက် ရှိတာ တွေ့ရပါတယ်။

အဆိုပါဓာတ်ပုံနှင့်အတူ “တောင်ဥက္ကလာပမြို့နယ်တွင် မဲပေးမယ့်ပြည်သူများကို မျက်စိလည်စေရန် နှင့် ပါတီတစ်ခုကို တစ်ဖက်သတ်မဲပေးမှုဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်မှ ဘတ်လိုက်ပြီး ဆောင်ရွက်ပေး နေတာလား မဲလက်မှတ်များတွင်အခြားပါတီများ၏ လိုဂိုအရောင်များပြောင်းလဲထား”လို့ရေးသားပြီး “Kyaw Zaya”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာ မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေချက်တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အခုလို ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်ဓာတ်ပုံထဲမှာပါသလို ဆန္ဒမဲလက်မှတ်မှာ အပြာရောင်တွေဖြစ်နေခြင်းရှိမရှိ သက်ဆိုင်ရာပါတီကိုယ်စားလှယ်လောင်းအချို့နဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်အတည်ပြုခဲ့ရာ မှာတော့ ဒီလိုမျိုး ဖြစ်ပျက်ခဲ့တာမျိုးကို မသိရှိကြဘဲ အငြင်းပွားမှုမျိုးလည်း မရှိဘူးလို့ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ 

အချက်အလက်စိစစ်ချက်

၁။တောင်ဉက္ကလာပမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဉက္ကဌ ဦးမိုးဝင်းအောင်ရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်အတည် ပြုရာမှာ တာဝန်ကျအမျိုးသမီးက Fact Crescendo Myanmar ကို အောက်ပါအတိုင်းပြောပါတယ်။

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတံဆိပ်က အပြာရောင်တွေမဟုတ်ပါဘူးရှင် အစိမ်းရောင် တွေချည်းပါပဲ။ မှားတာမျိုးမရှိပါဘူး”

ထို့ပြင် ဒီလိုဖြစ်စဉ်မျိုးအတွက် ကော်မရှင်မှာ အငြင်းပွားတာမျိုး၊ တင်ပြချက်မျိုးရှိသလားလို့ မေးမြန်း အတည်ပြုရာမှာလည်း  “ဒါမျိုးအငြင်းတာမျိုး အကြောင်းကြားတာမျိုးလည်းမရှိပါဘူးရှင်”လို့ အဆိုပါ အမျိုးသမီးက ဖြေကြားပါတယ်။

၂။ နိုဝင်ဘာ ၈ ရက်က မဲပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တောင်ဉက္ကလာပမြို့နယ် မဲဆန္ဒနယ်(၁) ဝင်ပြိုင်မယ့် ဒေါ်သစ်သစ်မြင့်ကလည်း သူမဲပေးခဲ့ရာမှာ ဒီလိုအပြာရောင်းပြောင်းလဲနေတာမျိုးမတွေ့ရဘူးလို့ Fact Crescendo Myanmar ကို ပြောပါတယ်။

၃။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး တောင်ဉက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့်  ဒေါက်တာမျိုးအောင်ကို Fact Crescendo Myanmar ဆက်သွယ် အတည်ပြုရာမှာလည်း အောက်ပါအတိုင်းပြောပါတယ်။

“ကျွန်တော်တော့ အဲလိုမျိုးမတွေ့ပါဘူး။ ကျွန်တော်တွေ့တာတွေကတော့ အစိမ်းပါပဲခင်ဗျ။  ကျွန်တော်သိရ သမျှတော့ အဲလိုမျိုးမဖြစ်ဘူး။ အစိမ်းက အစိမ်းရောင်ပါပဲခင်ဗျ”

အခြားဖြစ်ပျက်ခဲ့တာမျိုး၊ ကန့်ကွက်ခဲ့တာမျိုးရော ကြားမိသလားလို့ မေးမြန်းအတည်ပြုရာမှာလည်း  မကြား မိကြောင်းပြောပါတယ်။

၄။ အခုလိုမျိုး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပြာရောင်ဖြစ်နေပြီး အခြားသောပါတီတံဆိပ်တွေ လည်း အရောင်ပြောင်းထားတယ်လို့ မျှဝေမှုတွေမှုတွေကို နိုဝင်ဘာ ၆ ရက်နေ့က “Aung Khaing Soe”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က အစောဆုံးတင်ထား တာတွေ့ ရပါတယ်။ ဒီလိုတင်ထားတဲ့ပို့စ်နဲ့ ပတ်သက်ပြီး ဘယ်နေရာမှာဖြစ်ပျက်ခဲ့သလဲ၊ ဘယ်လိုသိရှိရသလဲ ဆိုတာပြောပြနိုင်မလားလို့ ဖေ့စ်ဘွတ် မက်ဆေ့ဂျာမှာ ဒီနေ့ ပေးပိုဆက်သွယ်ထားပေမဲ့ ပြန်ကြားချက် တစ်စုံတစ်ရာ မရှိသေးပါဘူး။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ တောင်ဉက္ကလာပက ဆန္ဒမဲလက်မှတ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲလက်မှတ်တွေမှာ အပြာရောင်ပြောင်းထားတယ်ဆိုတဲ့ အထောက်အထားမျိုး မရှိတာ တွေ့ရပါတယ်။

Avatar

Title:တောင်ဉက္ကလာပက ဆန္ဒမဲလက်မှတ်တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ပါတီအမှတ်တံဆိပ် တွေကို အရောင်ပြောင်းလဲထား တယ်ဆိုပြီးမျှဝေနေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *