Fact Check: ပဲခူးမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ကို နိုဝင်ဘာ ၇ ရက်အထိ မဖြုတ်ဘူးလို့ သတင်းမှားဖြန့်

Misleading နိုင်ငံတကာ၊ | International

ရွေးကောက်ပွဲကော်မရှင်က  နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ်လို့ အမိန့်ထုတ်ထား ပေမဲ့ ပဲခူးမြို့မှာ  ၇ ရက် နေ့  ည နေ ၆နာရီအထိ အမျိုးသားဒီမိုကရ စီအဖွဲ့ချုပ်ပါတီ (NLD)ကရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် မဖြုတ်ခဲ့ဘူးလို့  ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ရွေးကော်က ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ် လို့ အမိန့်ထုတ်ထား တယ်။ မလိုက်နာတဲ့ပါတီ ကို ကြည့် လိုက်။ ၇ ရက် နေ့  ည နေ ၆နာရီအထိ  nld မဖြုတ်သေးပါ။ ပဲခူး မြို့”(မူရင်းရေးသားချက်အတိုင်း)လို့ရေးသားပြီး ဒေါ်အောင်အောင်ဆန်းစုကြည်ပုံပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ မျှဝေထားပါတယ်။

အခုလို ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံထဲက တစ်ပုံဟာ ၂၀၁၉ ခုနှစ် နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့မှာရှိတဲ့ ICJ တရားရုံးသွားတုန်းက နိုင်ငံတဝှမ်းမြို့ကြီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ လှုပ်ရှားမှုလုပ်တုန်းက ပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီလို အောင်နိုင်ရေး ဆိုင်းဘုတ်အချိန်မီဖြုတ်သိမ်းခြင်းမရှိဘူဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ပဲခူးမြို့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေကလည်း ငြင်းဆိုပါတယ်။

နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

လူမှုကွန်ယက်မှာ မျှဝေလျက်ရှိတဲ့ပုံဖြစ်တဲ့ “We Stand With Our Leader Daw Aung San Suu Kyi”ဆိုတဲ့ ဆိုင်းဘုတ်ဟာ ဟောင်းနွမ်းနေတာကိုတွေ့မြင်ရပါတယ်။  အဓိကကျတဲ့ စကားလုံးအချို့ အသုံးပြုရှာ ဖွေကြည့် ရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ဖို့ မသွားခင်က ပဲခူးမြို့အပါအဝင် နိုင်ငံအနှံ့က အထင်ကရမြို့တွေမှာ စိုက်ထူပြီး ထောက်ခံပွဲကျင်းပခဲ့တာတွေ့ရပါတယ်။

နောက်ထပ်ဆိုင်းဘုတ်တစ်ခုကတော့ အောင်နိုင်ရေးဆိုင်းဘုတ်ဖြစ်တာတွေ့ရပြီး ဒီဆိုင်းဘုတ်ဖြစ်ပါတယ်။ အခုလို ပြောဆိုရေးသားမျှဝေထားတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပဲခူးမြို့အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်ရွှေကို Fact Crescendo Myanmar က ဆက်သွယ်မေးမြန်းရာမှာ အောက်ပါအတိုင်း ပြောပါတယ်။

“မဟုတ်ပါဘူးခင်ဗျ။ အကုန်လုံးဖြုတ်ထားပြီးသားပါ။ ၆ ရက်နေ့ကတည်းက အကုန်လုံးဖြုတ်ပြီးသား။  ကျွန်တော်တို့ ဒီက အောင်နိုင်ရေးအဖွဲ့တွေကလည်း ဖြုတ်ပြီးသားပါ။ စည်ပင်ကလည်း ဖြုတ်ခိုင်းပြီးသားပါ”

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀  ပြည့်နှစ် အောက်တိုဘာလ   ၂၈   ရက် က “ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေး ထုတ်ပြန်ကြေညာခြင်း”မှာလည်း သတ်မှတ်ချိန်အထိ ဖြုတ်သိမ်းခြင်းမရှိတဲ့ ဆိုင်းဘုတ်တွေကို မြို့နယ်စည်ပင် သာယာရေးကော်မတီက ဖြုတ်သိမ်းမည်လို့ ဖော်ပြထား ပါတယ်။

မူရင်းလင်ခ့် –  UEC  |  Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ပဲခူးမှာ ၇ ရက် နေ့  ည နေ ၆နာရီအထိ NLD ဆိုင်းဘုတ် မဖြုတ်သေးဘူးဆိုတဲ့ အချက်အလက်ကို သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:ပဲခူးမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ကို နိုဝင်ဘာ ၇ ရက်အထိ မဖြုတ်ဘူးလို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *