
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ မဲစားရင်းပြန်စစ်ဆေးတာကြောင့် ကြံ့ခိုင်ရေးပါတီကပြန်နိုင်သွားတယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက််ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ ” သတင်းကောင်းလေး လာပေးတာ၊ မိတ္ထီလာနဲ့ရမည်းသင်း မဲစာရင်းပြန်စစ်တာ ကြံ့ခိုင်ရေး ပြန်နိုင်သွားပါပြီ”နဲ့ “ရမည်းသင်း လွှတ်တော်သုံးရပ်လုံး USDP အနိုင်ပြန်ရ မတရားမှုတွေ ပြန်ယူမှာနေ”လို့ စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဒေါက်တာသန်းထွန်းကို Fact Crescendo Myanmarမှ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရမှာတော့ “ရလာဒ်ကတော့ အပြောင်းလဲမရှိပါဘူး၊ ဒီလိုရေးနေတာတွေက အမှားတွေလို့ပဲပြောချင်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ NLDအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစန်းဝင်ရှိန်က Fact Crescendo Myanmarကို “ဒီလိုမဲစားရင်းပြန်စစ်တယ်၊ မဲပြန်ရေတယ်တို့ဆို့တာမဟုတ်ပါဘူး၊ ထင်ယောင်ထင်မှားဖြစအောင် လျှောက်ရေးနေတာပါ၊ မိတ္ထီလာမှာကော ရမည်းသင်းမှာကော ဒီလိုပြန်စစ်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးမရှိပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။အောက်ပါလင့်ခ်တွေမှာ မဲရလာဒ်ကို ကြည်ရှူ့လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မိတ္ထီလာနဲ့ ရမည်းသင်းမှာ ပြည်ခိုင်ဖြိုးက ပြန်လည်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တာကိုတွေ့ရပါတယ်။

Title:မိတ္ထီလာနဲ့ ရမည်းသင်းမှာ ပြည်ခိုင်ဖြိုးက ပြန်လည်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False