Fact Check: ဘုရားတွေပိတ်ထားပေမဲ့ အစ္စလာမ်ဘာသာရေးနေ့ကို သာသနာရေးဝန်ကြီး တက်ရောက်တယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

ကိုဗစ်နိုင်တင်းရောဂါအခြေအနေတွေကြောင့် Stay Home သတ်မှတ်ထားတဲ့မြို့တွေမှာရှိတဲ့ ဘုရားစေတီတွေကို ယာယီပိတ်ထားပေမဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးသူရဦးအောင်ကိုက အစ္စလာမ်ဘာသာရေး အခမ်းအနားတစ်ခုဖြစ်တဲ့ မိုဟာမတ်သခင်နေ့ကို တက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ်ပို့စ်တွေမှာ ဘာသာရေးအမုန်းပွားစေတဲ့စေတဲ့ စကားလုံးတွေရေးသားမျှဝေနေကြတာတွေ့ရပါတယ်။

ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “စလာပြီဇာတ်လမ်းက သာသနာရေးဝန်ကြီးဌာန ဝန်ကြီး အစ္စလာမ် မိုဟာမက် သခင်နေ့ အခမ်းအနားတက်ရောက်၊ မင်းတို့ပေးခဲ့ကြတွေမဲတွေ မင်းတို့ကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲတွေ နောက်ဆုံး မင်းတို့နီပိန်းတွေကိုပါဖျင်ချမစိုး ငါတို့အော်နေခဲ့တာ အေးငါတို့မဲတွေအတွက် ငါတို့ကလိပ်ပြာသန့် တယ် နောင်ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် မင်းတို့အုပ်စု ဖြစ်လာခဲ့ရင်မင်းတို့ဘာသာခံ ငါတို့ကတော့ ကျဉ်လို့က်ပြီ အညတရ(မူရင်းအရေးအသားအတိုင်း)”လို့ရေးသားနေကြတာဖြစ်ပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။အလားတူရေးသားချက်တွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link  |  Archive Link

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာအသုံးပြုထားတဲ့ သူရဦးအောင်ကိုမိန့်ခွန်းပြောနေတဲ့ပုံကို googleမှာ ပုံပြောင်းရှာနည်းနဲ့ရှာမယ်ဆိုရင် ဒီပုံဟာ ၂၀၁၉ခုနစ် နိုဝင်ဘာလ ၁၆ရက်နေ့ နေ့စွဲနဲ့ ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ One Newsသတင်းဌာနက “ကိုးကွယ်ရာဘာသာတရား အဆုံးအမများကိုလိုက်နာပြီး နိုင်ငံအပေါ်သစ္စာစောင့်သိရန်သာသနာရေးဝန်ကြီး ပြော”ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားတဲ့သတင်းမှာ အသုံးပြုထားတာကိုတွေ့ရပါတယ်။အောက်ပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – One News Link  |  Archive Link

အလားတူ ၂၀၁၉ခုနစ် နိုဝင်ဘာလ ၁၆ရက်နေ့မှာ ကျင်းပတဲ့ တမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့ အခမ်းအနားကို ဝန်ကြီး သူရဦးအောင်ကို တက်ရောက်တဲ့သတင်းကို အစိုးရသတင်းဌာနဖြစ်တဲ့ မြန်မာ့အသံသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို အောက်ပါလင့်ခ်မှာလည်းဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

https://www.youtube.com/watch?v=et9GQwYRTb8&fbclid=IwAR1P5yIBMHgGlQ8j3ymxIAMBJYas5nOoN5rHNwOjHr9opI-yq9BX243ReaU

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကိုဗစ်နိုင်တင်းရောဂါအခြေအနေတွေကြောင့် ဘုရားစေတီတွေကို ယာယီပိတ်ထားပေမဲ့ ဝန်ကြီးသူရဦးအောင်ကိုက အစ္စလာမ်ဘာသာရေး အခမ်းအနားတက်ရောက်တယ်ဆိုတဲ့ သတင်းဟာ လက်ရှိဖြစ်ခဲ့တဲ့သတင်းမဟုတ်ပဲ ပြီးခဲ့တဲ့ ၂၀၁၉ခုနစ်က ဖြစ်ပျက်ခဲ့တဲ့ သတင်းဖြစ်တာကို တွေ့ရပါတယ်။

Avatar

Title:ဘုရားတွေပိတ်ထားပေမဲ့ အစ္စလာမ်ဘာသာရေးနေ့ကို သာသနာရေးဝန်ကြီး တက်ရောက်တယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *